တကိုယ်တော်ဆန္ဒပြသမား ဦးသက်ဝေ လွတ်မြောက်
DVB
·
April 8, 2016
ရန်ကုန်မြို့ထဲမှာ တကိုယ်တော်ဆန္ဒပြမှုနဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးသက်ဝေ ဒီကနေ့မနက်က ရန်ကုန် အင်းစိန်ထောင်က ပြန်လည်လွတ်မြောက်လာပါတယ်။
တပ်မတော်တပ်ထိန်း(ကြည်း) တပ်သားဟောင်း ဦးသက်ဝေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင် လွတ်မြောက်ရေးအတွက် တကိုယ်တော် ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရတာပါ။