DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေးနှုန်းသတ်မှတ်သည့် ကောလာဟလသတင်းများ ထွက်
DVB
·
August 18, 2011
ဒေါ်လာဈေးနှုန်းသတ်မှတ်သည့် ကောလာဟလသတင်းများ ထွက်
1 / 2
Donate to DVB

အမေရိကန်ဒေါ်လာ တဒေါ်လာကို မြန်မာငွေကျပ် ၉၅၀ နှုန်း သတ်မှတ်လိုက်ပြီဆိုတဲ့ သတင်းတွေ ဒီနေ့ ရန်ကုန်မှာ ပျံ့ပျံ့နှံ့နှံ့ ထွက်ပေါ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေ ထွက်ပေါ်နေတာဟာ ကောလာဟလပဲဖြစ်တဲ့ အကြောင်းနဲ့ ဒေါ်လာဈေး ကျနေတာကို ဆွဲတင်လိုတဲ့သူတွေက ခုလို လုပ်တာ ဖြစ်နိုင်တယ်လို့ ရန်ကုန်က ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အွန်လိုင်းမှာလည်း အဲဒါတွေပြောနေတယ် တကယ်တော့ မဖြစ်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတာ့ ဒါက ချက်ချင်း ပါးစပ်ထဲကနေ လုပ်လို့ ရတဲ့ ကိစ္စမှ မဟုတ်တာ။ ကျနော်တို့ ငွေမာအောင် ဘာတွေအပေါင်(mortgaged) ထားမလဲ ရွှေထားမလား၊ ငွေမာထားမလား ဆိုတာတွေက IMF နဲ့ World Bank တို့ပြောရမယ် ဟာတွေဆိုတော့ အချိန် လိုပါသေးတယ်။ ဖြစ်ရင်တောင်မှ ဒါ အောက်တိုဘာလောက်မှ ဖြစ်မှာပါ။ အဲဒါ ကောလဟာလ ဖြစ်ပါလိမ့်မယ်။ ကျနော်လည်း သက်ဆိုင်ရာလူကြီးတွေကို မေးကြည့်တာတော့ မဖြစ်နိုင်ပါဘူးတဲ့။ ဒါ နည်းနည်း ဈေးကို ဖွလိုက်တာပါပဲ။”

ပြီးခဲ့တဲ့အပတ်ထဲ နိုင်ငံခြားငွေဈေးတွေ အတက်အကျမြန်ခဲ့ပြီး အက်ဖ်အီးစီက ကျပ် ၆၅၀၊ ဒေါ်လာက ကျပ် ၇၅၀ လောက်အထိ ဈေးပြုတ်ကျခဲ့ပါတယ်။

ဒေါ်လာဈေးက ဒီလဆန်းကတည်းက တရိပ်ရိပ် ကျဆင်းနေတာဖြစ်ပြီး ဈေးကွက်ထဲမှာလည်း ၀ယ်သူထက် ရောင်းသူပဲ များနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၉ ရက် နေပြည်တော်မှာလုပ်မယ့် စီးပွားရေးဖိုရမ်မှာလည်း နိုင်ငံခြားငွေကြေး ကိစ္စရပ်တွေ ထည့်သွင်း ဆွေးနွေးအဖြေရှာကြဖို့ ရှိတယ်လို့ အဆိုပါလုပ်ငန်းရှင်ကပဲ ပြောပါတယ်။

ဒီလ ၁၂ ရက်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုဘဏ်ဥက္ကဌက နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း သတ်မှတ်ဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က တာဝန်ရှိသူတွေလည်း လာမယ့် အောက်တိုဘာလထဲ မြန်မာပြည်သွားဖို့ ရှိနေပြီး အစောဆုံး အောက်တိုဘာလလောက်မှ နိုင်ငံခြားငွေလဲလှယ် နှုန်းသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013