မြန်မာလေကြောင်းလိုင်းလေယာဉ် ငှက်နှင့်တိုက်မိသဖြင့် အရေးပေါ်ပြန်ဆင်း

3.6K
မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစီးဟာ ဦးခေါင်းပိုင်းကို ငှက်တိုက်မိတာကြောင့် ရန်ကုန်လေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ လေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက် ၁၁ နာရီ ၁၀ မိနစ်က အမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် XY-AJZ ဟာ ရန်ကုန်လေဆိပ်ကနေ-ဟဲဟိုး-တာချီလိတ်-ဟဲဟိုး ခရီးအတိုင်း ထွက်ခွာ ပျံသန်းနေလာစဉ် လေယာဉ်ရဲ့ ရှေ့ဦးခေါင်းပိုင်း (ဘယ်ဖက်) နဲ့ ငှက်တိုက်မိခဲ့ တာကြောင့် ရန်ကုန်လေဆိပ်ကို မနက် ၁၁ နာရီ ၃၅ မိနစ်အချိန်မှာ ပြန်လည်ဆင်းသက်ခဲ့တာလို့ ဆိုပါတယ်။ (ဓာတ်ပုံ - လေကြောင်း ရဲတပ်ဖွဲ့)