Home
မြန်မာသတင်း
တရုတ်-မြန်မာတပ်မတော် နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
DVB
·
April 6, 2016
06042016Min Aung Hlaing meet China Embassador3
06042016Min Aung Hlaing meet China Embassador1
06042016Min Aung Hlaing meet China Embassador
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီဟာ ဒီကနေ့ ဧပြီ ၆ရက် မနက်က နေပြည်တော်မှာ ဇေယျာသီရိဗိမာန် ဧည့်ခန်းမမှာ မြန်မာ့တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ထိရောက်တဲ့ စီမံခန့်ခွဲမှုရှိရေး တို့အား ဆွေးနွေးကြပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီဟာဟာ မနေ့ ကတည်းက မြန်မာနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး နိုင်ငံခြားရေး ၀န်ကြီးဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ (ဓာတ်ပုံ - Senior General Min Aung Hlaing)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024