ကမ္ဘာတ၀န်း သေဒဏ်ပေး ကွပ်မျက်ခံရမှုနှုန်း မြင့်တက်

ပြီးခဲ့တဲ့နှစ်က ကမ္ဘာတ၀န်းမှာ ရာဇ၀တ်မှုတွေနဲ့ သေဒဏ်ချကွပ်မျက်ခံရသူဦးရေ ရုတ်တရက် မြင့်တက်လာတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းခွင့်အဖွဲ့ကြီး (Amnesty International) က ပြောဆိုပါတယ်။ ၁၉၈၉ နောက်ပိုင်း အမြင့်ဆုံး ဖြစ်လာပြီး အနည်းဆုံး ၁၆၃၄ ဦး ကွပ်မျက်ခံရပြီး အရင်တနှစ်ဖြစ်တဲ့ ၂၀၁၄ ခုနှစ်ထက်စာရင် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အများဆုံး သေဒဏ်ချကွပ်မျက်တဲ့ နိုင်ငံတွေကတော့ အီရန်၊ ပါကစ္စတန်နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံတွေဖြစ်ပြီး ကွပ်မျက်မှုအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဲ့ဒီအရေအတွက်တွေထဲမှာ တရုတ်နိုင်ငံက အရေအတွက် မပါဝင်ပေမယ့် တရုတ်နိုင်ငံမှာလည်း လျှို့ဝှက်ကွပ်မျက်မှုတွေ ထောင်နဲ့ချီရှိမယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းခွင့်အဖွဲ့ကြီးက ပြောဆိုပါတယ်။ တဖက်မှာလည်း ကမ္ဘာ့နိုင်ငံတွေထဲမှာ သေဒဏ်ကို မကျင့်သုံးတဲ့ နိုင်ငံအရေအတွက်က ကျင့်သုံးတဲ့နိုင်ငံ အရေအတွက်ထက် ပထမဆုံးကျော်လွန်သွာပြီလို့လည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်သာခွင့်အဖွဲ့ကြီးက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖီဂျီ၊ ကွန်ဂို၊ တောင်အမေရိကနိုင်ငံတခုဖြစ်တဲ့ စရီနမ်နိုင်ငံနဲ့ မွန်ဂိုးလီးယားနိုင်ငံတို့မှာ သေဒဏ်ကို ပိတ်ပင်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up