ကလေးမြို့တွင် မိုးသက်လေပြင်းတိုက်ခတ်၊ သစ်ပင်ပိမိ၍ လူ ၁ ဦးသေဆုံး
DVB
·
April 6, 2016
ကလေးမြို့မှာ ဧပြီ ၅ ရက်နေ့ည ၁၁ နာရီခွဲလောက်က မိုးသက်လေးပြင်းကျခဲ့ပြီး သစ်ပင်ပိမိလို့ လူ ၁ ဦး သေဆုံးခဲ့ပါတယ်။
ကလေးမြို့ပြင် ကလေးဝလမ်းအထွက်မှာ သစ်ပင်ပိပြီး လူ ၁ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ ကလေးမြို့ အနောက်ခြမ်းမှာ မိုးသီးအနည်းငယ်ကျခဲ့ပြီး အရှေ့ပိုင်း လမ်းမပေါ်တွေမှာလည်း သစ်ကိုင်းကျိုးတာ၊ သစ်ပင်လဲတာတွေ ဖြစ်ခဲ့ပါတယ်။
ဧပြီ ၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့တွေဖြစ်တဲ့ မြင်းခြံ၊ မုံရွာမြို့တွေမှာလည်း အခုလိုလေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
(သတင်း၊ ဓာတ်ပုံ - မင်းရဲစစ်နိုင်၊ အောင်ကျော်ဇော)