ပဲခူးတိုင်းလွှတ်တော်တွင် ပယ်ချခံရသည့် ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်အမည်စာရင်း ထပ်မံတင်သွင်း

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပြီးခဲ့တဲ့လွှတ်တော်ရက်က ပယ်ချလိုက်တဲ့ ဥပဒေချုပ်နဲ့ စာရင်းစစ်ချုပ်နေရာအတွက် ၀န်ကြီးချုပ်က ဒုတိယအကြိမ် အမည်စာရင်းတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က အရေးကြီးအဆို တင်သွင်းပြီး ပယ်ချလိုက်တဲ့ တိုင်းဥပဒေချုပ်နဲ့ တိုင်းစာရင်း စစ်ချုပ်တို့နေရာအတွက် ဥပဒေချုပ်အဖြစ် ဦးအုန်းမြင့်နဲ့ စာရင်းစစ်ချုပ်အဖြစ် ဒေါ်သန်းဝင်း (ခ) ဒေါ်သန်းသန်းဝင်း တို့ကို ပဲခူးတိုင်းဝန်ကြီးချုပ်က ထပ်မံအမည်စာရင်း သွင်းခဲ့တာပါ။ ဥပဒေချုပ်အဖြစ် အမည်စာရင်းသွင်းခံရတဲ့ ဦးအုံးမြင့်ဟာ ပဲခူးမြို့ ညောင်ဝိုင်း ၁၃ လမ်းမှာ နေထိုင်သူတယောက်ဖြစ်ပြီး BA (Law)LLb ဘွဲ့ရ တရားလွှတ်တော်ရှေ့နေတယောက်ဖြစ်ကာ လက်ရှိအလုပ်အကိုင်က တရားလွှတ်တော်ရှေ့နေဖြစ်ပြီး ဥပဒေချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံရတဲ့ ဒေါ်သန်းသန်းဝင်းကတော့ ပဲခူးတိုင်း ပြည်မြို့မှာနေထိုင်ကာ B Com(AA) နဲ့ဘွဲ့ရခဲ့တဲ့ အငြိမ်းစား ညွှန်ကြားရေးမှူး တယောက်ဖြစ်ပါတယ်။ လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၀ ရက်နေ့တုန်းက ၀န်ကြီးချုပ်တင်သွင်းခဲ့တဲ့ စာရင်းစစ်ချုပ်နဲ့ ဥပဒေချုပ်တွေက သက်မှတ်ထားတဲ့ ကာလသတ်မှတ်ချက်မပြည့်မှီတာကြောင့် လွှတ်တော်အစည်းအဝေး ၁၁ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်အချို့က အရေးကြီး အဆိုတင်ပြီး ကန့်ကွက်ခဲ့ကာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ထောက်ခံခဲ့ပြီး ၀န်ကြီးချုပ်အမည်စာရင်းတင်ထားသူ ၂ ယောက်ကို ပယ်ချလိုက်တာဖြစ်ပါတယ်။  

More News
Up