Home
မြန်မာသတင်း
ရှမ်းပြည်နယ်လွှတ်တော်တွင်း အခြေအတင်ဖြစ်ခဲ့သည့် ၀န်ကြီးကိစ္စနှင့်ပတ်သက်၍ ပြောင်းလဲတင်သွင်း အတည်ပြု
DVB
·
April 5, 2016
ရှမ်းပြည်နယ်လွှတ်တော်အတွင်း မနေ့က အခြေအတင်ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က တင်သွင်းခဲ့တဲ့ ၀န်ကြီးအမည်စာရင်းနဲ့ပတ်သက်ပြီး ဒီကနေ့မှာ တချို့ဝန်ကြီးတွေရဲ့ အမည်တွေ ကို ပြောင်းလဲ တင်သွင်းလိုက်တဲ့အတွက် ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မနေ့က ပြည်နယ်ဝန်ကြီး ၈ ဦးဖြစ်တဲ့ ဦးစိုးညွန့်လွင် (ခ) ဦးစိုးကြီး၊ ဦးစိုင်းစွံဆိုင်း၊ ဦးဆွေသိန်း၊ ဦးခင်မောင်တင့်၊ ဒေါက်တာ ညီညီအောင်၊ ဦးခွန်ရဲထွေး၊ ဦးအောင်ကျော်နိုင်နဲ့ နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး စိုးမိုးအောင်တို့ရဲ့ အမည်စာရင်းကို လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ဒီတင်သွင်းမှုနဲ့ပတ်သက်ပြီး လောက်ကိုင်အမတ် ဦးအောင်သန်းထွဋ်နဲ့ ရှမ်းပြည်နယ်ဝန်ကြီး ချုပ်ဟောင်း ဦးစပ်အောင်မြတ်က ကန့်ကွက်ခဲ့ကြတဲ့အတွက် လွှတ်တော်တွင်း အခြေအတင် ဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့မှာတော့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၀န်ကြီးတွေရဲ့ အမည် တချို့ပြောင်းလဲ တင်သွင်းခဲ့ပါတယ်။ သူတို့တွေကတော့ ဦးစိုးညွှန့်လွင်(ခ)ဦးစိုးကြီ၊ ဦးစိုင်းစွံဆိုင်း၊ ဦးစိုင်းရှဲန်တစ်လုံ၊ ဦးဆွေသိန်း၊ ဒေါက်တာညီညီအောင်၊ ဦးခွန်ရဲထွေး၊ ဒေါက်တာမျိုးထွန်း၊ ဦးစိုင်းလုံးကျော် နဲ့ ဗိုလ်မှူးကြီး စိုးမိုးအောင်တို့ကို တင်သွင်းခဲ့ပါတယ်။ မနေ့က တင်သွင်းတဲ့စာရင်းတွေအရ အန်အယ်ဒီပါတီက ၅ ဦး၊ ကြံ့ခိုင်ရေးပါတီက ၁ ဦး၊ အပြင်က ၁ ဦးနဲ့ တပ်မတော်က ၁ ဦးကို တင်သွင်းခဲ့ပါတယ်။ ဒီကနေ့မှာတော့ အန်အယ်လ်ဒီပါတီက ၅ ဦးနဲ့ ကြံ့ခိုင်ရေးပါတီက ၃ ဦး ပြင်ဆင်တင်သွင်း ခဲ့တဲ့ အတွက် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဒီကနေ့ လွတ်တော်မှာ ရှမ်းပြည်နယ်အတွင်းက ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၄ ခုက ဦးစီးဥက္ကဋ္ဌတွေ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါယ်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်ကို တင်ပြခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024