DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
လ၀ကရုံးရှေ့ နာရီပေါင်းများစွာ ထိုင်စောင့်ရခြင်းမှ ကင်းဝေးကြပါစေ
DVB
·
August 18, 2011
လ၀ကရုံးရှေ့ နာရီပေါင်းများစွာ ထိုင်စောင့်ရခြင်းမှ ကင်းဝေးကြပါစေ
Donate to DVB

ခုရက်ပိုင်း သတင်းစာမှာ မှတ်ပုံတင်တွေကို အချိန်မကြာစေဘဲ လျင်မြန်စွာ ပြုလုပ်ပေးနေကြောင်း တွေ့ရပါတယ်။ ကျနော့်မှာတော့  မှတ်ပုံတင်ပျောက်သွားလို့ ၂ လပိုင်းက ပြန်ပြီး အသစ်လျှောက်ခဲ့ပါတယ်။ ကျနော်က မြင်းခြံမြို့နယ်ကပါ။ ခု ရန်ကုန်မှာ အလုပ်လုပ်နေပါတယ်။ မှတ်ပုံတင်ရဖို့ လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်အစုံနဲ့ ရန်ကုန်ကနေ မြင်းခြံကို ပြန်ခဲ့ပါတယ်။

အချိန် ၃ ရက်ပေးပြီး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ အမှုတွဲဟောင်း (နိုင်-၂) ရှာလို့ မတွေ့ကြောင်း၊ ဘယ်အချိန် ဘယ်ရက်မှာ တွေ့မယ် ရမယ် သူတို့ မပြောနိုင်ကြောင်း တိကျလွန်းတဲ့ လ၀က လူကြီးမင်းများကြောင့် ရန်ကုန်ကို ပြန်ခဲ့ရပါတယ်။ မရှိမဖြစ်လို့ ၆ လပိုင်းမှာ တခေါက်ပြန်ပြီး လုပ်တော့  အမှုတွဲကို ခရိုင်မှူးဆီ တင်ထားတာ ၂ ရက်ရှိပြီ။ ဘယ်နေ့ရမယ်ဆိုတာ တိတိကျကျ မပြောနိုင်ပြန်ပါဘူးတဲ့။ ခရိုင်မှူးအခန်းရှေ့မှာတော့ အမှုတွဲတင်ပြီး ၃ ရက်နေရင် ကတ်ထုတ်နိုင်တယ်လို့  ရေးထားတာတော့ တွေ့ပါတယ်။ ဒါပေမယ့် တိုက်နယ်မှူးကတော့ ဘယ်တော့ရမယ် မပြောနိုင်ပါတဲ့။  တိကျမြန်ဆန်စွာ အလုပ်လုပ်ကြတဲ့ ၀န်ထမ်းကောင်း များကြောင့် မှက်ပုံတင်မရဘဲ နောက်တခေါက် ပြန်ခဲ့ရပါတယ်။ သိပ်ကို  အလုပ်လုပ်တဲ့ တိုက်နယ်မှူးများကတော့ နံနက် ၁၁ နာရီ ရုံးရောက်ပြီး ၁၂ နာရီကျော်မှာ ထမင်းစား ပြန်သွားရော ဒီအတောအတွင်း ကျနော်တို့ မသိတာလေး မေးရင် ငေါက်လိုက်တာ လွန်ရော။

သူတို့က နေ့လယ် ၁ နာရီကျော် ရုံးရောက်ပါတယ်။ ရောက်ရင်လည်း ပင်ပန်းလာတဲ့ အတွက် သူတို့အနားယူ အမောပြေသလား အခြေအနေ ကြည့်ရသေးတယ်။ သူတိုနဲ့ သင့်မြတ်သူတွေ ဆိုရင်တော့ ရုံးဆင်းပြီးနောက် မိုးချုပ်တဲ့အထိတောင် လုပ်ပေးလေ့ ရှိတယ်။ ဒီလိုမှ မဟုတ်ရင်တော့  စောင့်ပေဦးတော့ နာရီပေါင်းများစွာ။ ခု ၈ လပိုင်း တခေါက်ပြန်ပြီး ဒီတသက် ရနိုင်သေးလား မေးကြည့်ရပါဦးမယ်။ ကံကောင်းထောက်မပြီး ပြန်ရခဲ့ရင် အဲဒီမှတ်ပုံတင်ကို ဘုရားစင်မှာတင်ပြီး ပူဇော်ထားရပါဦးမယ်။

မြင်းခြံမြို့နယ်မှ ပြည်သူများ လ၀က ရုံးရှေ့ နာရီပေါင်းများစွာ ထိုင်စောင့်ရခြင်း၊ မသေချာသော ရက်များ ချိန်းဆိုခြင်း  ကင်းဝေးကြပါစေ။

မြင်းခြံမြို့သားတဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013