Home
မြန်မာသတင်း
တိုင်းပြည်အတွက် အရေးပါသည့် ဥပဒေရေးဆွဲ၊ ပြင်ဆင်တာတွေ ပြုလုပ်မည်
ပိုင်စိုး
·
April 5, 2016
တိုင်းပြည်အတွက် အရေးပါတဲ့ ဥပဒေရေးဆွဲတာ၊ ပြင်ဆင်တာတွေ ပြုလုပ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။ ဦးဝင်းထိန်ကို ဧပြီလ ၅ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်အဖြစ် ထည့်သွင်းလိုက်တာပါ။ ဘယ်လို ဥပဒေတွေ လုပ်မယ်ဆိုတာကိုတော့ အသေးစိတ် မပြောနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တချို့ဟာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေ ဖြစ်သွားတဲ့အတွက် ဒီနေ့မှာ အစားထိုး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024