Home
မြန်မာသတင်း
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဖွဲ့စည်း
DVB
·
April 5, 2016
ဒီကနေ့ ဧပြီလ ၅ ရက်နေ့မှာကျင်းပတဲ့ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ ဝန်ကြီးဌာန ၅ ခုနဲ့ ယှဉ်တွဲပါဝန်ကြီးတွေအပြင် တိုင်းဒေသကြီး ဥပဒေချုပ်နဲ့ တိုင်းဒေသကြီးစာရင်းစစ်ချုပ် တို့ကို ဝန်ကြီးချုပ်မန်းဂျော်နီက အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးလှကျော်၊ စိုက်ပျိုးမွေးမြူရေး သစ်တောနဲ့ စွမ်းအင်ဝန်ကြီး အဖြစ် ဦးဗဟိန်း၊ စည်ပင်ဝန်ကြီးအဖြစ် လပွတ္တာမဲဆန္ဒနယ် အမှတ် ၁ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ လူမှုရေးဝန်ကြီးအဖြစ် ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေး၊ စက်မှုလက်မှု လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ဦးဝင်းဌေး၊ တိုင်းဒေသကြီးဥပဒေချုပ်အဖြစ် ဦးလှရွှေ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်စန်းစန်းခိုင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီ ကအမည်စာရင်းတင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိအတည်ပြုခဲ့ပါတယ်။ လွှတ်တော်က အတည်ပြုပြီးနောက်မှာတော့ ဒီနေ့ လွှတ်တော်ကို တက်ရောက်နိုင်ခြင်း မရှိသေး တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်နဲ့ တိုင်ဒေသကြီးစာရင်းစစ်ချုပ် ဒေါ်စန်းစန်းခိုင် တို့ကလွဲပြီး ကျန်ဝန်ကြီးများနဲ့ ဥပဒေချုပ်တို့က လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်မှာ ကတိသစ္စာပြုခဲ့ကြ ပါတယ်။ ဒီနေ့ ခန့်အပ်လိုက်တဲ့ ဝန်ကြီး ၅ ဦးထဲက ၃ ဦးကတော့ လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့ တက်သိပညာရှင်တွေပဲ ဖြစ်ပါတယ်။ (သတင်း၊ ဓာတ်ပုံ - သော်ဇင်မျိုး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024