ရှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းရေး ယနေ့ ဆက်လက်ဆွေးနွေးမည်

ရှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ‘ရှမ်းပြည်နယ် လွှတ်တော်မှာ ဒီနေ့ ဆက်လက် ဆွေးနွေးဖို့ ရှိပါတယ်။ ပြည်နယ်ဝန်ကြီးဌာန ၈ ခုနဲ့ ဝန်ကြီး ၈ ဦးထားရှိဖို့ကိစ္စကို ပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်ကို မနေ့က တင်ပြထားတဲ့ ကိစ္စ ကန့်ကွက်သူတွေ ရှိတာကြောင့် ဒီနေ့ ဆက်လက် ဆွေးနွေးမှာပါ။ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က တင်သွင်းတဲ့ ပြည်နယ်ဝန်ကြီး ၈ ဦးကတော့ ဦးစိုးညွန့်လွင် (ခ) ဦးစိုးကြီး၊ ဦးစိုင်းစွံဆိုင်း၊ ဦးဆွေသိန်း၊ ဦးခင်မောင်တင့်၊ ဒေါက်တာ ညီညီအောင်၊ ဦးခွန်ရဲထွေး၊ ဦးအောင်ကျော်နိုင် နဲ့ နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး စိုးမိုးအောင် တို့ဖြစ်ပါတယ်။ ဒီ ၈ ဦးထဲမှာ အန်အယ်ဒီပါတီက ၅ ယောက်၊ ကြံ့ခိုင်ရေးပါတီက ၁ ယောက်၊ အပြင်က ၁ ယောက်နဲ့ တပ်မတော်က ၁ ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ၀န်ကြီးချုပ်အိမ်မအပ်သေးသလို ဌာနဆိုင်ရာက စာရွက်စာတန်းတွေနဲ့ ရုံးခန်းလွှဲပေးတာ မရှိသေးဘူးလို့လည်း ဦးစိုးညွန့်လွင်က ပြောပါတယ်။

More News
Up