Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဖွဲ့စည်းအတည်ပြု
DVB
·
April 4, 2016
ဧပြီလ ၄ ရက်နေ့က ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဖွဲ့စည်း အတည်ပြုခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အမည်စာရင်းများကို စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  အစိုးရအဖွဲ့ ၀န်ကြီး  ၈ ဦး အမည်စာရင်း တင်သွင်းကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်က အတည်ပြုမှုရယူခဲ့တာပါ။ ၀န်ကြီးတွေအဖြစ် ဗိုလ်မှူးကြီး ကျော်သက်နိုင်၊ စစ်ကိုင်းမြို့မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုးဦး၊ ကလေးမြို့ မဲဆန္ဒနယ်အမှတ် (၂)မှ ဦးကမ်ဇာမုံ၊ ရေဦးမြို့မဲဆန္ဒနယ်အမှတ် (၁)မှ ဦးသန်းညွှန့်ဝင်း၊ ပုလဲမြို့မဲဆန္ဒနယ်အမှတ် (၂)မှ ဦးမြင့်ကြည်၊ အရာတော်မြို့မဲဆန္ဒနယ် အမှတ် (၁)မှ ဒေါက်တာ ဇော်ဝင်း၊ ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါ်မွှေးမွှေးခင်နှင့် ချင်း တိုင်းရင်းသားရေးရာ လွှတ်တော်မဲဆန္ဒနယ်မှ ဦးလာလ်ထောင်ထန်း တို့ဖြစ်ကြောင်းသိရပါတယ်။ သတ်မှတ်အတည်ပြုလိုက်သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများကတော့ လာမယ့် ဧပြီလ ၅ ရက်နေ့ တိုင်းဒေသကြီးလွှတ်တော်မှာ ကျမ်းကျိန်ပြီး တာဝန်များကို လွှဲပြောင်းရယူမှာဖြစ်တယ်လို့ သိရပါတယ်။ (သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024