ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ကျမ်းကျိန်
DVB
·
April 4, 2016
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးအဖြစ် အဆိုပြုရွေးချယ်ခံရတဲ့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးထိန်လင်းဟာ ဧပြီ ၄ ရက်ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ကျမ်းသစ္စာကျိန်ဆိုသွားပါတယ်။
အလားတူ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် အဆိုပြုရွေးချယ်ခံရသူ ဦးဘုံဘွယ်လည်း ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နောက်ထပ် ပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပမယ့်ရက်ကိုတော့ ထပ်မံကြေညာသွားမယ်လို့ သိရပါတယ်။ (သတင်းဓာတ်ပုံ - အောင်ကိုကို)