မဲဆောက်မြို့ သောင်းရင်းမြစ်နဘေးရှိ ဂိုထောင်မီးလောင် (ရုပ်သံ)
DVB
·
April 4, 2016

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ သောင်းရင်းမြစ်နဘေးက ထပ်အပ်ကျေးရွာအမှတ် ၉၊ ၁ လို့ လူသိများတဲ့ ၁၄ ဂိတ်အတွင်းမှာ ဧပြီလ ၃ ရက်နေ့ ညက မီးလောင်မှုတခုဖြစ်ပွားခဲ့ပါတယ်။
ည ၉ နာရီလောက်က မီးစတင်လောင်ကျွမ်းခဲ့ပြီး ဂျပန်ကား ဂိုထောင်နဲ့ မြန်မာပြည်ကို ပို့မယ့် စက်ဘီးတွေ မီးလောင်သွားခဲ့ပါတယ်။
မဲဆောက်မြို့ မီးသတ်ဌာနအပါအဝင် ထပ်ဆိုင်လွပ်၊ မယ်ပတ်၊ မယ်တော် စတဲ့ မီးသတ်ဌာနတွေလည်း လာရောက်ကူခဲ့ကြပြီး ၂ နာရီအချိန်ကြာအောင် မီးငြိမ်းသတ်ခဲ့ရပါတယ်။
မီးဘယ်ကနေ စတင်လောင်သလဲဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး ကားဂိုဒေါင် ကားအပိုပစ္စည်းဆိုင်ခန်း အပါအဝင် စက်ဘီးအရောင်းဆိုင်ခန်း ၇ မီးလောက်ခဲ့ကာ စုစုပေါင်း ဘတ်ငွေတန်ဖိုး ၁၀ သိန်းလောက် ဆုံးရှုံးမယ်လို့ ခန့်မန်းထားကြပါတယ်။