DVB Logo
Home
မြန်မာသတင်း
စီး​ပွား​ရေး​ဖွံ့​ဖြိုး​မှုအလုပ်ရုံ​ဆွေး​နွေး​ပွဲ နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်များ​နှင့်​ ပညာရှင်များ​ကို ဖိတ်ကြား
DVB
·
August 17, 2011
စီး​ပွား​ရေး​ဖွံ့​ဖြိုး​မှုအလုပ်ရုံ​ဆွေး​နွေး​ပွဲ နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်များ​နှင့်​ ပညာရှင်များ​ကို ဖိတ်ကြား
Donate to DVB

လာမယ့်​ ၁၉ ရက်​နေ့​က​နေ ၂၁ ရက်​နေ့​အထိ ​နေပြည်​တော်၊​ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း​ရှင်း​စင်တာမှာ ကျင်း​ပပြုလုပ်မယ့်​ အစိုး​ရသစ်ရဲ့​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်မှုအတွက် ပြုပြင်​ပြောင်း​လဲမှုဆိုင်ရာ အမျိုး​သား​အဆင့်​ အလုပ်ရုံ​ဆွေး​နွေး​ပွဲကိုတက်​ရောက်ဖို့​ နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်​တွေနဲ့​ ပြည်ပ​ရောက် မြန်မာနိုင်ငံသား​ပညာရှင်​တွေကို တက်​ရောက်ဖို့​ ဖိတ်​ခေါ်ထား​ပါတယ်။

[caption id="attachment_14297" align="alignright" width="310" caption="ဦးခင်မောင်ဆွေ (ဓာတ်ပုံ - ရိုက်တာ)"][/caption]

ပြည်​ထောင်စုအစိုး​ရရဲ့​ အမျိုး​သား​ စီမံကိန်း​နှင့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​မှုဝန်ကြီး​ဌာနက စီစဉ်ကျင်း​ပတဲ့​ ဒီအခမ်း​အနား​ကို တက်​ရောက်ဖို့​ ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်ကတဆင့်​ နိုင်ငံ​ရေး​ပါတီ ၃၇ ပါတီက ​ခေါင်း​ဆောင်​တွေကို ဒီလ ၁၆ ရက်​နေ့​ ရက်စွဲနဲ့​ ဖိတ်ကြား​ထား​တာ ဖြစ်ပါတယ်။

ဒါနဲ့​ပတ်သက်ပြီး​ ဖိတ်စာလက်ခံရရှိထား​တဲ့​ မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​တင်​မောင်​အေး​က အခုလို​ပြောပြပါတယ်။

“တိုင်း​ကော်မရှင်က စာ သုံး​စောင်​ပေး​တယ်။ ပထမတ​စောင်က ဖိတ်ကြား​စာ၊​ ဒုတိယအ​စောင်က ကျ​နော်တို့​ကို ​နေပြည်​တော်​ကော်မရှင်က​နေတဆင့်​ တိုင်း​ကော်မရှင်၊​ အဲဒီက​နေ ကျ​နော်တို့​ပါတီကို ​ရောက်လာတဲ့​စာပါ။ အလုပ်ရုံ​ဆွေး​နွေး​ပွဲ ဦး​ဆောင်ကျင်း​ပ​ရေး​ ​ကော်မတီက​နေ ဖိတ်တာ။ အဲဒီပြည်​ထောင်စု ​ကော်မရှင်ကိုပို့​တယ်။ ပြည်​ထောင်စု​ကော်မရှင်ကို အမျိုး​သား​စီမံကိန်း​နဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ဝန်ကြီး​ဌာနဆိုပြီး​ ဝန်ကြီး​ရုံး​အမိန့်​၁၆ ရက်၊​ ဂလ၊​ ၂၀၁၁ ရက်စွဲနဲ့​ပို့​တယ်။ ပို့​တော့​ အဲဒီစာကို ပြည်​ထောင်စု​ကော်မရှင်က နိုင်ငံ​ရေး​ပါတီများ​အား​လုံး​ဆိုပြီး​ ထပ်ပြီး​တော့​ သက်ဆိုင်ရာ တိုင်း​ဒေသကြီး​နှင့်​ ပြည်နယ်​ကော်မရှင်များ​ အား​လုံး​ဆိုပြီး​တော့​ နိုင်ငံ​ရေး​ပါတီများ​ကို ဆက်လက်အ​ကြောင်း​ကြား​ရန်ဆိုပြီး​တော့​ ဖြစ်တဲ့​အတွက် ကျ​နော်တို့​ကို တိုင်း​ကော်မရှင်က​နေ လှမ်း​အ​ကြောင်း​ကြား​တာ။”

ပြည်ပ တက္ကသိုလ်အသီး​သီး​မှာ ပြန်လည်ပညာသင်ကြား​ပေး​နေကြတဲ့​ မြန်မာနိုင်ငံသား​ပညာရှင်အချို့​ကိုလည်း​ အစိုး​ရအဖွဲ့​က တိုက်ရိုက်ဖိတ်ကြား​မှု​တွေ ပြုလုပ်ထား​တယ်လို့​ အစိုး​ရအဖွဲ့​နဲ့​ နီး​စပ်သူအချို့​က ဆိုပါတယ်။

ဒီလို နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ ပြည်ပ​ရောက် မြန်မာနိုင်ငံသား​ ပညာရှင်​တွေကို အစိုး​ရအဖွဲ့​က ပထမဆုံး​ အ​နေနဲ့​ ဖိတ်ကြား​လာတဲ့​အ​ပေါ် အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု NDF ပါတီရဲ့​ ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက​တော့​ အခုလို မှတ်ချက်​ပေး​ ​ပြောကြား​ပါတယ်။

“ဒါက ​ကောင်း​တဲ့​လက္ခဏာပါပဲ။ နိုင်ငံနဲ့​ပတ်သက်တဲ့​ စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေမှာ နိုင်ငံ​ရေး​ပါတီ​တွေ ပါဝင်သင့်​တယ်လို့​ အစိုး​ရက သ​ဘော​ပေါက်လက်ခံတဲ့​ သ​ဘောပါ။ ကျ​နော်တို့​ကလည်း​ မူဝါဒ​တွေ ​ရေး​ဆွဲထား​တာရှိ​တော့​ အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေ တတ်​ရောက်တဲ့​အခါ ကြား​နာမှု​တွေ၊​ ပြုလုပ်မယ့်​အစီအစဉ်​တွေအ​ပေါ်မှာ အကြံ​ပေး​နိုင်ရင်လည်း​ ​ပေး​သွား​မှာပါ။”

ဒီအလုပ်ရုံ ​ဆွေး​နွေး​ပွဲမှာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကိုလည်း​ ဖိတ်ကြား​ဖို့​ အစီအစဉ်ရှိတဲ့​ အ​ကြောင်း​ သတင်း​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ထွက်​ပေါ်ခဲ့​ပေမယ့်​ အခုအချိန်အထိ​တော့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က အတည်ပြု ​ပြောကြား​တာမျိုး​တော့​ မရှိ​သေး​ပါဘူး​။

ဒီအလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ သမ္မတဦး​သိန်စိန်ရဲ့​ စီး​ပွား​ရေး​အကြံ​ပေး​ ဦး​မြင့်​အပါဝင် ပညာရှင်အသီး​သီး​က အဓိက​ဆွေး​နွေး​ကြမှာပြီး​ သတင်း​မီဒီယာအချို့​က အယ်ဒီတာချုပ်​တွေကိုလည်း​ တက်​ရောက်ဖို့​ ဖိတ်ကြား​ပါတယ်။

ဦး​သိန်း​စိန် ဦး​​ဆောင်တဲ့​ အစိုး​ရသစ်ဟာ အာဏာလွှဲ​ပြောင်း​ယူပြီး​ ၄ လ​ကျော် သက်တမ်း​ကာလအတွင်း​ ပထမဆုံး​ အ​နေနဲ့​ ဆင်း​ရဲမွဲ​တေမှု​လျှော့​ချနိုင်​ရေး​ အလုပ်ရုံ​ဆွေး​နွေး​ပွဲ​တွေ စတင်ပြုလုပ်ခဲ့​သလို ကဏ္ဍအလိုက် အလုပ်ရုံ​ဆွေး​နွေး​ ပွဲ​တွေပြုလုပ်ပြီး​ ပြုပြင်​ပြောင်း​လဲ​ရေး​တွေကို အမှန်တကယ် လုပ်​ဆောင်​တော့​မယ်လို့​ ကျယ်ကျယ်ပြန့်​ပြန့်​ ​ပြောကြား​ထား​ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013