Live
Home
မြန်မာသတင်း
ပြည်ထောင်စုဝန်ကြီးများ ထပ်ခန့်မည်
DVB
·
April 3, 2016
ပြည်ထောင်စုဝန်ကြီးတွေ ထပ်မံခန့်အပ်ဖို့ရှိကြောင်း ဧပြီ ၄ ရက်  ပြည်ထောင်စု လွှတ်တော်စည်းဝေးပွဲအစီအစဉ်မှာ ဖော်ပြပါရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတဲ့ တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်အစီအစဉ်မှာ သမ္မတက အဆိုပြုတင်ပြထားတဲ့ ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ်များအမည်စာရင်းကို လွှတ်တော်သို့ တင်ပြခြင်း ဆိုတဲ့အစီအစဉ် ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတက တင်ပြတဲ့ ပြည်ထောင်စုရှေ့နေချုပ်နဲ့ စာရင်းစစ်ချုပ် အမည်စာရင်းကိုလည်း သိခွင့်ရကြမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက ပေးပို့တဲ့ ပြည်နယ်တိုင်းဝန်ကြီးချုပ်များ၊ ပြည်နယ်တိုင်း တိုင်းရင်းသားရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးတာနဲ့ပတ်သက်လို့ လွှတ်တော်က မှတ်တမ်းတင်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ 12923259_1602230230101307_3061891459660070011_nလတ်တလောမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတရုံးအပါအ၀င် ၀န်ကြီးဌာန ၄ ခုကို တာဝန်ယူထားပြီး အဲ့ဒီဌာနတွေထဲက တချို့ကို ၀န်ကြီးအသစ်တွေ တာဝန်ပေးမှာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောကြားနေကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024