အစိုးရသစ်ကို တောင်ကိုရီးယားရောက် မြန်မာများ စတုဒီသာကျွေးပြီး ကြိုဆို
DVB
·
April 3, 2016
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရသစ်ကို ကြိုဆိုတဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံမှာလည်း မြန်မာလက်ဖက်ရည်၊ ကောက်ညှင်းပေါင်း စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့ ဖူပြောင်းက Myanmar town မှာ ဒီနေ့ မနက်ကနေ ညအထိ မင်္ဂလာပါ အထွေထွေ ၀န်ဆောင်မှု ကုမ္ပဏီက ကျွေးမွေးလှူဒါန်းတာ ဖြစ်ပါတယ်။
မြန်မာအစိုးရသစ်ကို ပြည်တွင်းက ဒေသအသီးသီးမှာ စတုဒီသာကျွေးလှူဒါန်းပြီး ကြိုဆိုနေကြသလို ပြည်ပက မြန်မာတွေက အလားတူ ကျွေးမွေးလှူဒါန်းနေကြတာ ဖြစ်ပါတယ်။
အလားတူ စိန်ပန်းပြာ အမည်ရှိ မြန်မာစားသောက်ဆိုင်မှလည်း ဒီနေ့ တနေကုန် ထမင်းဟင်းမျိုးစုံနှင့် အစိုးရသစ်ကိုကြိုဆိုသည့် စတုဒီသာပွဲကိုလည်း ဒါနပြုခဲ့သေးသည်။