DVB Logo
Home
မြန်မာသတင်း
ပြည်​တော်ပြန်​ရေး​ သမ္မတမိန့်​ခွန်း​ နိုင်ငံ​ရေး​အင်အား​စုများ​ကြိုဆို
DVB
·
August 17, 2011
ပြည်​တော်ပြန်​ရေး​ သမ္မတမိန့်​ခွန်း​ နိုင်ငံ​ရေး​အင်အား​စုများ​ကြိုဆို
Donate to DVB

နိုင်ငံ​တော်သမ္မတဦး​သိန်း​စိန်က ပြည်ပ​ရောက်နိုင်ငံသား​တွေ ပြန်လာပြီး​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​လုပ်ငန်း​တွေမှာ ပါဝင်​ဆောင်ရွက်ကြဖို့​ ဖိတ်​ခေါ်လိုက်တဲ့​အ​ပေါ် အတိုက်အခံ နိုင်ငံ​ရေး​ အင်အား​စု​တွေက ကြိုဆိုလိုက်ကြသလို ယုံကြည်ချက်​တွေ​ကြောင့်​ အကျဉ်း​ကျခံ​နေရတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကိုပါ လွှတ်​ပေး​ဖို့​ လိုအပ်​ကြောင်း​ ​တောင်း​ဆိုလိုက်ကြပါတယ်။

ဒီက​နေ့​ ​နေပြည်​တော် မြန်မာကွန်ဗင်း​ရှင်း​စင်တာက စက်မှုလုပ်ငန်း​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ​ကော်မတီ ​တွေ့​ဆုံပွဲမှာ ​ပြောကြား​လိုက်တဲ့​ သမ္မတမိန့်​ခွန်း​ပါ ပြည်ပ​ရောက် မြန်မာနိုင်ငံသား​တွေ ပြန်လာဖို့​ ကမ်း​လှမ်း​ချက်အ​ပေါ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲချုပ်အပါအဝင် ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင် ​တွေက ကြိုဆိုလိုက်ကြတာဖြစ်ပါတယ်။

အဲ့​ဒီထဲက အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က “ဒီဥစ္စာက သတင်း​ကောင်း​ပါ။ ကျ​နော်တို့​အ​နေနဲ့​လည်း​ အဲဒီလို​ပြောတယ်ဆိုရင် ကြိုဆိုပါတယ်။ အခုဖြစ်စဉ်​တွေကို ဒီထက်တိုး​တက်လာဖို့​ကို ကျ​နော်တို့​ ​မျှော်လင့်​တယ်။ တိုင်း​ပြည်အတွက် အကျိုး​ရှိမယ်လို့​ ​မျှော်လင့်​တယ်” လို့​ ​ပြောပါတယ်။

ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီတခုဖြစ်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု ပါတီရဲ့​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေက​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေလွှတ်​ပေး​ပြီး​ နိုင်ငံ​ရေး​မှာပါဝင်ခွင့်​ပေး​ဖို့​ လိုအပ်​ကြောင်း​ အခုလို ​ပြောကြား​ပါတယ်။

“ပထမဆုံး​အ​ခေါက်မှာထဲကို ငြိမ်း​ချမ်း​ရေး​သ​ဘော​တွေ ​ပြေလည်​ရေး​ သ​ဘော​တွေ ​ပြောသွား​တဲ့​မိန့်​ခွန်း​တွေ ​ပြောသွား​တာရှိတာကို။ အခုဒါကို ထပ်​ပြောတယ်ဆိုတာ​တော့​ ကျ​နော်တို့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​အမိန့်​ ​နောက်ဆက်တွဲ​တွေက ထပ်ပြီး​လွှတ်​ပေး​သင့်​တယ်လို့​ ကျ​နော်တို့​ မြင်ပါတယ်။ ဒါမှလည်း​ အမျိုး​သား​ပြန်လည် သင့်​မြတ်​ရေး​ကို သွား​တဲ့​နေရာမှာ အား​လုံး​ပါဝင်နိုင်တဲ့​ နိုင်ငံ​ရေး​ဖြစ်စဉ်ကြီး​ပေါ်လာပြီး​ အား​လုံး​မျှတတဲ့​ အ​နေအထား​တရပ်ကို ​ရောက်​အောင် သွား​နိုင်ခွင့်​တွေ ဖြစ်လာဖို့​ အ​ကြောင်း​တွေ ဖြစ်လာတယ်လို့​ပဲ မှန်း​ဆနိုင်တယ်​ပေါ့​။”

သမ္မတမိန့်​ခွန်း​ကို နား​ထောင်ခဲ့​ရတဲ့​ ထိပ်တန်း​စီး​ပွား​ရေး​လုပ်ငန်း​ရှင် ​ဇေကမ္ဘာဦး​ခင်​ရွှေကလည်း

“သမ္မတကြီး​က​တော့​ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့​ စီး​ပွား​ရေး​ တိုး​တက်ရာ တိုး​တက်​ကြောင်း​ကို အဓိက စဉ်း​စား​နေတယ်။ စဉ်း​စား​ပြီး​တော့​ အပွင့်​လင်း​ဆုံး​ပြောရင် သူက တခြား​ပြည်ပ​တွေနဲ့​လည်း​ ​ပြေလည်​အောင်လုပ်ပြီး​တော့​ စီး​ပွား​ရေး​ ပိတ်ဆို့​မှု​တွေကအစ သူ့​အလိုအ​လျောက် ပြန်ရုပ်သိမ်း​သွား​အောင် လုပ်မယ့်​သ​ဘောရှိတယ်။ မြန်မာပြည်က စီး​ပွား​ရေး​တိုး​တက်​အောင် သူကြိုး​စား​နေတဲ့​ အ​နေအထား​မျိုး​ရှိပါတယ်။ တံခါး​ကို တကယ်ဖွင့်​မယ့်​ အ​နေအထား​မျိုး​။ ဘာလို့​လည်း​ဆို​တော့​ ​လေး​လဆိုတဲ့​ အချိန်ကာလက ဘာမှမရှိဘူး​။ ဒီအ​ပေါ်မှာ သူ့​အ​နေနဲ့​လည်း​ ​ပြောင်း​လဲသင့်​တာ​တွေ ​လျှော့​ပေး​သင့်​တာ​တွေ၊​ အခုလည်း​ မျက်မြင်ကိုယ်​တွေ့​ ​လျှော့​နေတာ ​ပြောင်း​လဲ​နေတာ​တွေ ​တွေ့​ပြီဆိုတဲ့​အတွက်​ကြောင့်​ ဘယ်လိုပဲဖြစ်ဖြစ် တနှစ်အတွင်း​မှာ​တော့​ အ​ခြေအ​နေ​တွေ အများ​ကြီး​ပြောင်း​သွား​မယ်။”

စီး​ပွား​ရေး​နဲ့​အတူ နိုင်ငံ​ရေး​နဲ့​ လူမှု​ရေး​ကဏ္ဍ​တွေကို ပြိုင်တူမြှင့်​တင်သင့်​တယ်လို့​လည်း​ သမ္မတမိန့်​ခွန်း​အ​ပေါ် ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ တသီး​ပုဂ္ဂလလွှတ်​တော်ကိုယ်စား​လှယ်အဖြစ် ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​တဲ့​ ​ဒေါက်တာ ဘုန်း​ဝင်း​ကလည်း​ အခုလို ​ပြောကြား​ထား​ပါတယ်။

“အဆုံး​ပိုင်း​မှာ​ပြောတာက သူက ဒီမိုက​ရေစီ စနစ်ကို တည်​ဆောက်မယ်။ အခုလက်ရှိရှိ​နေတဲ့​ အခွင့်​အ​ရေး​တွေကို အရယူပြီး​ တ​ယောက်နဲ့​တ​ယောက် အပြစ်မယူဘဲ နိုင်ငံကိုလည်း​ ​ရေခံ​မြေခံ​ကောင်း​ပြီး​သား​ဆို​တော့​ တိုး​တက်​အောင်လုပ်မယ်ဆို​တော့​ ဒါက​တော့​ ​ကောင်း​တာ​ပေါ့​။ ဆိုလိုတာက တ​ယောက်နဲ့​တ​ယောက် အပြစ်မတင်ဘူး​ဆိုတာက ကျ​နော်တို့​ အရင်တုန်း​ကလို သတင်း​စာထဲက​နေ တ​ယောက်နဲ့​တ​ယောက် ပုတ်ခတ်​နေတာမရှိ​တော့​ဘူး​။ ပြီး​တော့​ အခွင့်​အ​ရေး​ကိုလည်း​ အရယူမယ်ဆို​တော့​ အခုလက်ရှိ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ စကား​ပြော​နေတာကိုလည်း​ ​အောင်မြင်​အောင်လုပ်မယ်ဆိုတဲ့​ သ​ဘော၊​ ဒီတခါက​တော့​ သူတို့​က စီး​ပွား​ရေး​ကိစ္စကို အဓိက​ပြောတယ်လို့​ ထင်တယ်။ ကျ​နော်တို့​က​တော့​ အား​လုံး​ စီး​ပွား​ရေး​ရော၊​ လူမှု​ရေး​ရော၊​ နိုင်ငံ​ရေး​ရော အား​လုံး​မျှပြီး​တော့​ လုပ်နိုင်ရင်​တော့​ ပို​ကောင်း​တာ​ပေါ့​။”

ဒီက​နေ့​ ​တွေ့​ဆုံပွဲမှာ​တော့​ နာ​ရေး​ကူညီမှုအသင်း​ (ရန်ကုန်) က အတွင်း​ရေး​မှူး​ ​ဒေါ်​ရွှေဇီး​ကွက်၊​ စာ​ရေး​ဆရာမ သန်း​မြင့်​အောင်တို့​ အပါအဝင်လူမှု​ရေး​ အသင်း​အဖွဲ့​တွေနဲ့​ စီး​ပွား​ရေး​ဆိုင်ရာ အသင်း​အဖွဲ့​တွေက ပုဂ္ဂိုလ်​တွေလည်း​ တက်​ရောက်ခဲ့​ကြပြီး​ စီး​ပွား​ရေး​ဆိုင်ရာ မူဝါဒနဲ့​ ငြိမ်း​ချမ်း​ရေး​ကိစ္စ​တွေကိုလည်း​ ဦး​သိန်း​စိန်က သူ့​မိန့်​ခွန်း​မှာ ထည့်​သွင်း​ပြောကြား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013