လူ့အခွင့်အရေး ခရီးသွားရုပ်ရှင်ပွဲတော် နေပြည်တော်တွင် ပြပြီ

အစိုးရသစ်ကို ဂုဏ်ယူ ကြိုဆိုတဲ့အနေနဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်ကို နေပြည်တော်မှာ  ၂၀၁၆ ခုနှစ် ဧပြီလ ၂ရက်နေ့ ညပိုင်းမှာ စတင်ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် နေပြည်တော် ပုဗ္ဗသီရိ ဝဲကြီးကျေးရွာမှာ Wellgyi ဝဲကြီး မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို ၂၀၁၆ ခုနှစ် ဧပြီ ၃ ရက်နေ့ညမှာ  ပြသမှာ ဖြစ်ပါတယ်။ အဲ့ဒီမှတ်တမ်းကားဟာ ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ မြေယာကွက်များအတွင်း ရွာသားများ ပြန်လည်ဝင်ရောက်ပြီး ထွက်ယက်စိုက်ပျိုးခြင်းကြောင့် ရွာသူ၊ ရွာသား ၁၇ ယောက် ထောင်ကျရခြင်းအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up