အိုင်အက်စ်ဗုံးဖောက်ခွဲမှုကြောင့် ပိတ်ထားခဲ့ရသည့် ဘရပ်ဆဲလ်လေဆိပ်ပြန်ဖွင့်

Belgian international airport of Zaventem airport, which is still not operating, is seen behind fences more than a week after the attacks in Brussels metro and the airport, in Zaventem, Belgium, April 1, 2016. REUTERS/Yves Herman
809
အိုင်အက်စ်အကြမ်းဖက်သမားတွေရဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် ၁၂ ရက်ကြာ ပိတ်ထားခဲ့ရတဲ့ ဘယ်လ်ဂျီယမ်နိုင်ငံမြို့တော်၊ ဘရပ်ဆဲလ်လေဆိပ်ကို ဒီနေ့ပြန်ဖွင့်လိုက်ပြီလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ပြန်လည်ဖွင့်လှစ်ချိန်မှာ လေကြောင်းခရီးစဉ် ၃ ခုနဲ့စတင်မယ်လို့ လေဆိပ်အမှုဆောင် အရာရှိချုပ် အာနောက်ဒ်ဖိုက်စ်တ်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က လေဆိပ်တွင်းပြည်ပထွက်ခွာဆောင်အပါအ၀င် နေရာ ၂ နေရာမှာ အိုင်အက်စ်အကြမ်းဖက်သမားတွေရဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် လေဆိပ်ကို ယာယီပိတ်ထားခဲ့ရတာပါ။
ဒီကနေ့ဖွင့်လှစ်လိုက်တဲ့ လေကြောင်းခရီးစဉ် ၃ ခုကတော့ အေသင်၊ တုရင်နဲ့ ဖယ်ရိုမြို့တွေဆီ သွားမယ့် ခရီးစဉ်တွေဖြစ်ပြီး နေ့လယ်ပိုင်းမှာ စတင်ထွက်ခွာမယ်လို့ ဆို ပါတယ်။
လေဆိပ်တွင်းနေရာ ၂ နေရာနဲ့ မြေအောက်ရထားဘူတာရုံတွေမှာ တနေ့တည်း ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးဖောက်ခွဲမှုတွေကြောင့် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ကြတာပါ။
ဘရပ်ဆဲလ်လေဆိပ်ဟာ ဥရောပရဲ့ လေကြောင်းခရီးဆိုင်ရာ အဓိကဆုံချက်ဗဟို တခုဖြစ်ပြီး စတားအလိုင်းယဲန့်စ်လေကြောင်းလိုင်း အခြေစိုက်နေရာတခုလည်း ဖြစ်ပါတယ်။