ဒုသမ္မတနှစ်ဦး ဖြုတ်ချပေးရန် ရန်ကုန်တွင် ဆန္ဒပြ (ဓာတ်ပုံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီက ဒုသမ္မတ ၂ အဖြစ် တင်မြှောက်ထားတဲ့ ဦးဟင်နရီ ဗန်ထီးယူနဲ့ တပ်မတော်ကာကွယ်ရေးဦးချုပ်က တင်မြှောက်ထားတဲ့ ဒုသမ္မတ ၁ ဦးမြင့်ဆွေတို့ကို ဖြုတ်ချပေးဖို့အတွက် ရန်ကုန်မြို့ တာမွေအဝိုင်းနားမှာရှိတဲ့ ဗိုလ်စိန်မှန်ကွင်းမှာ ဧပြီလ ၂ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ရန်ကုန်က ဦးဆောင်ကျင်းပတာဖြစ်ပြီး သံဃာနဲ့လူပုဂ္ဂိုလ် ၂၀ ကျော်လောက် တက်ရောက်ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ဟိန်းကို  

More News
Up