DVB Logo
Home
မြန်မာသတင်း
အဖွဲ့​ချုပ်လူငယ်များ​ ထိုင်း​နိုင်ငံဘန်​ကောက် နိုင်ငံ​ရေး​သင်တန်း​ပြီး​ဆုံး
DVB
·
August 17, 2011
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ပါတီဝင်လူငယ်​တွေ ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​မှာ ဒီလ ၇ ရက်​နေ့​ ၁၅ ရက်​နေ့​အထိ နိုင်ငံ​ရေး​သင်တန်း​တခု တက်​ရောက်ခဲ့​ကြပါတယ်။

ပြည်ပ​ရောက် မြန်မာနိုင်ငံသား​ ပညာရှင်​တွေ ဖွဲ့​စည်း​ထား​တဲ့​ ပညာ​ရေး​ကွန်ရက်ရဲ့​ အစီအစဉ်ပို့​ချတဲ့​ သင်တန်း​မှာ အဖွဲ့​ချုပ်လူငယ် ၁၄ ဦး​ တက်​ရောက်ခဲ့​ကြတာဖြစ်ပါတယ်။

ဒီသင်တန်း​အတွင်း​မှာ​တော့​ နိုင်ငံ​ရေး​သိပ္ပံပညာရပ်​တွေအပြင် ထိုင်း​လွှတ်​တော်၊​ နိုင်ငံ​ရေး​ဝန်ကြီး​ဌာနနဲ့​ နိုင်ငံ​ရေး​ပါတီကိုပါ သွား​ရောက်​လေ့​လာခွင့်​ ရရှိခဲ့​ကြတာလည်း​ ဖြစ်ပါတယ်။

ဒါနဲ့​ပတ်သက်ပြီး​ အဖွဲ့​ချုပ်ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က အခုလို​ပြောပြပါတယ်။

“သင်တန်း​တက်​ရောက်​နေစဉ် ကာလမှာပဲ သူတို့​ကို သင်တန်း​ပို့​ချ​ပေး​တဲ့​ ဆရာများ​နဲ့​ အဲဒီ ပညာဒါန ပညာရှင်များ​ရဲ့​ စီစဉ်မှုနဲ့​ ထိုင်း​လွှတ်​တော်ကို သွာ​ရောက်​လေ့​လာခွင့်​ ရတယ်ဆိုတဲ့​ အ​ကြောင်း​၊​ အခုလက်ရှိ ထိုင်း​နိုင်ငံခြား​ရေး​ဝန်ကြီး​ ကဆစ်က လက်ခံ​တွေ့​ဆုံတဲ့​အ​ကြောင်း​၊​ မှတ်တမ်း​တင် ဓာတ်ပုံရိုက်တဲ့​အ​ကြောင်း​။ ​နောက် ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ကို သွား​တော့​ ပါတီရဲ့​ ညွှန်ကြား​ရေး​မှူး​ချုပ်က သူတို့​ကို လက်ခံ​တွေ့​ဆုံတဲ့​အ​ကြောင်း​၊​ ​နောက်​တော့​ သင်တန်း​နဲ့​ပတ်သက်တဲ့​ စိတ်ဝင်စား​စရာ အ​တွေ့​အကြုံ​တွေ ရှင်း​ပြပါတယ်။ ပြီး​တော့​ သင်တန်း​နဲ့​ပတ်တက်တဲ့​ အကြံပြုချင်တာ​တွေလည်း​ ​ပြောပါတယ်။”

ဒါ့​အပြင် သင်တန်း​တက်လူငယ်​တွေက နိုင်ငံရဲ့​ ကွဲပြား​ခြား​နား​ချက်​တွေကို နှိုင်း​ယှဉ်ပြီး​ နိုင်ငံရဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​လုပ်ငန်း​တွေကို လုပ်​ဆောင်ဖို့​ စိတ်ဓာတ်တက်ကြွလာ​ကြောင်း​တွေကိုလည်း​ သင်တန်း​တက်လူငယ်​တွေက ​ပြော​ကြောင်း​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

“သူတို့​က​တော့​ ထိုင်း​နိုင်ငံ​ရောက်တဲ့​အခါမှာ မြန်မာနိုင်ငံကိုလည်း​ ​ခေါတ်မီဖွံ့​ဖြိုး​တိုး​တက်​အောင် လုပ်​ပေး​ချင်တဲ့​စိတ်ဆန္ဒ​တွေ တက်ကြွလာတဲ့​အ​ကြောင်း​၊​ ထိုင်း​နိုင်ငံ​ရေး​တွေနဲ့​ ပတ်သက်လို့​ သူတို့​အ​တော်အတန် တတ်နိုင်သ​လောက် ​လေ့​လာနိုင်ခဲ့​တဲ့​အ​ကြောင်း​၊​ ပြီး​တော့​ သင်တန်း​မှာပို့​ချတဲ့​ ဘာသာရပ်​တွေကလည်း​ နိုင်ငံကို အကျိုး​ပြုနိုင်တဲ့​ ဘာသာရပ်ဖြစ်​ကြောင်း​၊​ ဒါ​ပေမယ့်​ အစဖြစ်​ပေမယ့်​ ဒါထက်နက်နက်ရှိုင်း​ရှိုင်း​ ပိုပြီး​ ​လေ့​လာသွား​ပြီး​ ကြိုး​စား​ချင်စိတ်​တွေ ရှိလာတဲ့​အ​ကြောင်း​ အဲဒါ​တွေ ​ပြောပါတယ်။”

အခုအဖွဲ့​ဝင်​တွေရဲ့​ ပြည်ပသင်တန်း​တက်​ရောက်မှုဟာ ပါတီစတင်ထူ​ထောင်ပြီး​ နှစ် ၂၀ ​ကျော်ကြာ ပထမဆုံး​အ​နေနဲ့​ တရား​ဝင် သွား​ရောက်ခွင့်​ရရှိခဲ့​တာ ဖြစ်ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ​ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်​မြောက်လာပြီး​နောက်ပိုင်း​ ပါတီဝင်​တွေ ဖွံ့​ဖြိုး​ရေး​အတွက် နိုင်ငံ​ရေး​သိပ္ပံ၊​ အင်္ဂလိပ်စာ၊​ ကွန်ပျူတာ၊​ သတင်း​စာ သင်တန်း​တွေကို ဆက်တိုက်လိုလို ပြုလုပ်​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013