ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီ၏ ပထမဆုံးမိန့်ခွန်း (ရုပ်သံ)

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမမြောက်နေ့အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက လွှတ်တော်မှာ ပထမဆုံးမိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်နဲ့အညီ တရားဥပဒေစိုးမိုးရေး ကို အဓိကလုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ လာဘ်ပေးလာဘ်ယူ ပပျောက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆန်စပါး နိုင်ငံခြားတင်ပို့နိုင်အောင် ဈေးကွက်ရှာဖွေပြီး လယ်သမားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မွေးမြူရေးတွေနဲ့ပတ်သက်ပြီးတော့လည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

More News
Up