DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်တွင်း​ အစိုး​ရတပ် လူ့​အခွင့်​အရေး​ ချိုး​ဖောက်
DVB
·
August 17, 2011
ကချင်ပြည်တွင်း​ အစိုး​ရတပ် လူ့​အခွင့်​အရေး​ ချိုး​ဖောက်
Donate to DVB

၂ လကြာ ကချင်တိုက်ပွဲ​တွေအတွင်း​ ဒုက္ခသည် ၂၀၀၀၀ ​ကျော်အထိ ရှိလာ​နေပြီး​ ဒုက္ခသည်​တွေအတွက် စား​နပ်ရိက္ခာ အကူအညီ​တွေကို အစိုး​ရက ပိတ်ပင်​နေတယ်လို့​ကချင်အမျိုး​သမီး​ အစည်း​အရုံး​က ​ပြောဆိုလိုက်ပါတယ်။

[caption id="attachment_14260" align="alignleft" width="300" caption="မွန်းနေလီ"][/caption]

ဒါ့​အပြင် ဩဂုတ် ၉ ရက်​နေ့​မှာ အစိုး​ရ တပ် ခလရ ၃၇ တပ်သား​တွေက ကချင်အမျိုး​သမီး​တွေကို အဓမ္မ ပြုကျင့်​သတ်ဖြတ်ခဲ့​တယ်လို့​ကချင်အမျိုး​သမီး​ အစည်း​အရုံး​ ​ပြောခွင့်​ရသူ မွန်း​နေလီက အခုလို ​ပြောပါတယ်။

“ခလရ ၃၇ မှာရှိတဲ့​စစ်သား​တွေက ခင်ပွန်း​ကို သူတို့​သတ်ပစ်တယ်။ ပြီး​တော့​ သူ့​ရဲ့​ အမျိုး​သမီး​နဲ့​ သမီး​ကို မုဒိမ်း​ကျင့်​ပြီး​ သတ်ခဲ့​တယ်။”

တိုက်ပွဲ​တွေ​ကြောင့်​ ထွက်​ပြေး​နေကြရတဲ့​ ကချင်ဒုက္ခသည်​ပေါင်း​ နှစ်​သောင်း​ ​ကျော်ရှိသွား​ပြီလို့​လည်း​ ကချင်အမျိုး​သမီး​အစည်း​အရုံး​ ထိုင်း​နိုင်ငံက ဒီ​နေ့​ဩဂုတ်လ ၁၆ ရက်​နေ့​စွဲနဲ့​ကြေညာချက်ထုတ်ထား​ပါတယ်။

အစိုး​ရဘက်က ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​တွေ ပြုလုပ်​နေချိန်မှာyဲ အစိုး​ရတပ်​တွေက ​ဒေသခံ​တွေကို ပစ်ခတ်သတ်ဖြတ်​နေတယ်လို့​လည်း​ ​ပြောပါတယ်။

“အဲဒီမှာ ၁၅ နှစ်အရွယ် က​လေး​၊​ ​ကောင်​လေး​သေသွား​တယ်ဆိုတာက သူတို့​က မထင်ရင် မထင်သလို လူ​တွေကို ဖမ်း​ပြီး​တော့​ အဝတ်နဲ့​ မျက်လုံး​ကို စည်း​လိုက်တယ်။ ပြီး​ရင် လက်​တွေကို ကြိုး​နဲ့​တုပ်ပြီး​ ဖမ်း​တာ​ပေါ့​။ ထွက်​ပြေး​တဲ့​အခါကျ​တော့​ ထွက်​ပြေး​ရ​ကောင်း​လား​ဆိုပြီး​တော့​ ​သေနတ်နဲ့​ လှမ်း​ပစ်တာ။ အဲဒီမှာ ၁၅ နှစ်အရွယ်​ကောင်​လေး​က ​သေနတ်မှန်ရင်း​ ​သေသွား​တာ။”

ကချင်တပ်​တွေနဲ့​အစိုး​ရတပ်​တွေကြား​ တိုက်ပွဲ​တွေ ဖြစ်​နေတဲ့​ ၂ လကြာကာလအတွင်း​ ကချင်အမျိုး​သမီး​ အနည်း​ဆုံး​ ဦး​ရေ ၄၀ ​လောက်ကို အစိုး​ရ တပ်​တွေဘက်က အဓမ္မပြုကျင့်​ခဲ့​ပြီး​ တချို့​ကို အဓမ္မပြုကျင့်​ပြီး​ သတ်ဖြတ်ပစ်ခဲ့​တယ်လို့​လည်း​ မွန်း​နေလီက ​ပြောပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013