မုံရွာတွင် အနှေးယာဉ်လုပ်သားများ အစိုးရသစ်ကို ကြိုဆိုဂုဏ်ပြု (ဓာတ်ပုံ)
















1.3K
နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်နှင့် အစိုးရသစ်အဖွဲ့အား ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ မုံရွာမြို့ရှိ အနှေးယာဉ်လုပ်သားတွေနဲ့ မြို့ခံပြည်သူတွေပူးပေါင်းပြီး ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းက ဆိုက်က္ကားများနင်းကာ မြို့တွင်းလှည့်လည် ဂုဏ်ပြုခဲ့ကြပါတယ်။
ဂုဏ်ပြုကြိုဆိုရာတွင် မုံရွာမြို့မှ ဆိုက်က္ကားဦးရေ အစင်းရေ ၃၀၀ ဝန်းကျင်ရှိခဲ့ပြီး ပါဝင်ဆင်နွှဲသူများကို သမ္မတသစ်ဦးထင်ကျော်ရုပ်ပုံပါ တီရှပ်များကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။
ဆိုက်က္ကားနင်း ဂုဏ်ပြုကြိုဆိုပွဲကို မုံရွာမြို့ ကားလေးကွင်းရှေ့မှစတင်ခဲ့ပြီး ဗိုလ်ချုပ်လမ်း၊ သာစည်လမ်း၊ ပေ (၈၀)လမ်း၊ ကျောက္ကာလမ်းနှင့် ပြည်ထောင်စုလမ်းမှာ လှည့်လည်ကာ ပြုလုပ်ခဲ့ကြပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကာလကလည်း မုံရွာမြို့ရှိ အနှေးယာဉ် ဆိုက်က္ကားဆရာများ ပူးပေါင်းကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေးအတွက် မြို့တွင်းအနှံ့ ဆိုက်က္ကားနင်းပြီး လှည့်လည် နှိုးဆော်ပေးခဲ့ဖူးပါတယ်။
(သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး၊ အောင်ကိုလတ်)