DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတ၀န်း လမ်းတံတားဂိတ်ပေါင်း ၁၆၀ ကျော်တွင် ဂိတ်ကြေးကောက်ခံမှုဖျက်သိမ်း
DVB
·
April 1, 2016
မြန်မာနိုင်ငံတ၀န်း လမ်းတံတားဂိတ်ပေါင်း ၁၆၀ ကျော်တွင် ဂိတ်ကြေးကောက်ခံမှုဖျက်သိမ်း
Donate to DVB
မြန်မာနိုင်ငံတ၀န်းရှိလမ်း၊တံတား အသုံးပြုခကောက်ခံနေတဲ့ ဂိတ်ပေါင်း ၃၀၀ ကျော်အနက် ဂိတ်ပေါင်း ၁၆၀ကျော်မှာ ဒီကနေ့ ဧပြီလ (၁)ရက်နေ့ကစပြီး ဂိတ်ကြေး ကောက်ခံခြင်းမပြုတော့ဘဲ ဖြေလျော့ပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ဂိတ်ကြေးမကောက်ခံတော့မယ့် နေရာဒေသတွေထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် အတွင်းက လမ်းတံတား ဂိတ်တွေ က အရေ အတွက် အများစုပါဝင်ပါတယ်။ အစိုးရသစ်တက်လာပြီးရက်ပိုင်းအတွင်း ခုလို ဆောက်လုပ်ရေးဝန်ကြီးဌာနက  ဂိတ်ကြေးကောက်ခံမှုတွေကို ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသစ် ဦးဝင်းခိုင်ကတော့  မနေ့က ဌာနတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ   ပြည်သူကို အခြေပြုဦးစားပေးတဲ့လုပ်ငန်းတွေကို အရည်အသွေးရှိရှိလုပ်ကိုင်ဖို့၊  လမ်းတံတား ကဏ္ဍတိုးမြှင့်အောင်ဆောင်ရွက်ဖို့၊ ပြည်သူတွေအတွက် အိမ်ရာလိုအပ်တွေဖြည့်ဆည်းပေးဖို့နဲ့ စီမံကိန်း ဂရံကိစ္စတွေ မူဝါဒချမှတ်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ ကြေညာဆောင်ရွက်ဖို့ စတာတွေ တိုက်တွန်းခဲ့တယ်လို့  ၀န်ကြီးဌာန လူမှုကွန်ရက်မှာဖော်ပြပါတယ်။

(ဓာတ်ပုံ - Ministry of Construction)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013