Home မြန်မာသတင်း ဒေါ်စုခရီးစဉ်အတွင်း အစိုးရပူးပေါင်းမှုအပေါ် အားရကြောင်း အမေရိကန်ပြောကြား
ဒေါ်စုခရီးစဉ်အတွင်း အစိုးရပူးပေါင်းမှုအပေါ် အားရကြောင်း အမေရိကန်ပြောကြား
usa ၂၀၁ဝခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချူပ်က ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပထမဆုံး နိုင်ငံရေး စည်းရုံးရေး ခရီးစဉ်အဖြစ် ပဲခူးနှင့်သနပ်ပင် မြို့တွေကို သွားခွင့်ရပြီး ခရီးစဉ်အတွင်းမှာ အစိုးရက ပူးပေါင်းဆောင်ရွက် ကူညီပေးတာတွေ၊ မြန်မာအစိုးရကိုယ်စားလှယ် ဝန်ကြီး ဦးအောင်ကြည်နဲ့တွေ့ဆုံ စကားပြောဆို တာတွေကို အမေရိကန် အစိုးရအနေနဲ့ ကျေနပ်အားရမိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဩဂုတ်လ ၁၅ ရက်နေ့က ပြောဆို လိုက်ပါတယ်။
“အစိုးရနဲ့ဒေါ်အောင်ဆန်းစုကြည်တို့တွေဆုံစကားပြောဆိုတာ၊ ခရီးထွက်ခွင့်ပြုတာ၊ ခရီးစဉ်အတွင်းလူထုကို စကားပြောဆိုခွင့်ပြုတာတွေနဲ့ အစိုးရက ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် တာဝန်ယူပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရအနေနဲ့ကျေနပ်အားရမိပါတယ်။”
၂၀၀၃ ခုနှစ် နယ်စည်းရုံးရေးခရီး ဒီပဲယင်းတိုက်ခိုက်ခံရမှုနောက်ပိုင်း ယခုပထမဆုံး နယ်စည်းရုံးရေး ခရီးထွက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့က သူ့ရဲ့ခရီးစဉ်အတွင်း အဘက်ဘက်က ကူညီဆောင်ရွက်ပေးခဲ့သူတွေအပါအဝင် ဒေသခံအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအား အထူးကျေးဇူးတင်ကြောင်း အခုလ ၁၅ ရက်နေ့ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်လွှာ ထုတ်ပြန်ပြီး ပြောကြားခဲ့ပါတယ်။
ဩဂုတ် ၁၅ရက်နေ့မှာပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်ရဲ့ ပြည်ထောင်စု အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီး ဦးအောင်ကြည် တို့ရဲ့ ဒုတိယအကြိမ်တွေ့ဆုံမှုအပြီး အပြုသဘော နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ချမှတ်ခဲ့ကြတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုထောက်ခံကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသေးတယ်။
ဆက်စပ်သတင်းများ