သေကြောင်းကြံသူ အမျိုးသားကို မီးသတ်ပိုက်နှင့် ထိုးချကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဂွမ်ကျိုးခရိုင်ထဲမှာ လမ်းမပေါ်ထွက်နေတဲ့ ဓာတ်တိုင်အစွန်းကနေ ခုန်ချပြီး သေကြောင်းကြံဖို့ ကြိုးစားသူ အမျိုးသားတဦးကို ကယ်ဆယ်ရေးသမားတွေက မီးသတ်ပိုက်နဲ့ထိုးချပြီး ကယ်တင်ခဲ့ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဧပြီ ၁ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီအမျိုးသားဟာ အစွန်းပေါ်မှာ ပေရပ်နေခဲ့ချိန် ကယ်ဆယ်ရေးသမားတွေက ပြင်းအားမြင့်ရေပိုက်ကို အသုံးပြုပြီး အောက်ကို ထိုးချခဲ့တာပါ။ အဲဒီအမျိုးသား ကျလာမယ့်ဘက်မှာတော့ ကူရှင်ကို လမ်းမပေါ် ခင်းထားခဲ့တာပါ။ ရေအားနဲ့ ထိုးချလိုက်ချိန်မှာ အမျိုးသားဟာ ကံကောင်းထောက်မစွာ ကူရှင်ပေါ်ကျခဲ့ပြီး ကယ်တင်နိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဂွမ်ကျိုးရဲဌာနက ဝေဘို အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ် တင်ခဲ့ချိန်မှာတော့ တရုတ်အင်တာနက် အသုံးပြုသူတွေကြားမှာ ရေပန်းစားနေခဲ့တာပါ။

More News
Up