ထိုင်းကျောင်းသူကို ကန်ကျောက် ဆေးလိပ်မီးနှင့်ထိုးသည့် ကာယဆရာ ဖမ်းဆီးခံရ

ပါဗီနာအမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာဖောင်ဒေးရှင်းမှ တာဝန်ရှိသူနဲ့ ရဲဌာနက ဆေးရုံမှာ လာရောက်ကြည့်ရှုနေကြစဉ်
1K
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်ထဲမှာ ကျောင်းသူတဦးကို ထိုးနှက်ကန်ကျောက်ပြီး မျက်နှာကို ဆေးလိပ်မီးနဲ့ ထိုးခဲ့တဲ့ ကာယနည်းပြဆရာကို ရဲတွေက ချင်းရိုင်လေဆိပ်မှာ ဒီကနေ့ဖမ်းမိခဲ့ပြီး ဘန်ကောက်မြို့၊ ဟွာမက်ခ်ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။
သာနမက်ခိုချွန်နာအမည်ရ အသက် ၃၆ နှစ်အရွယ် အဲဒီအမျိုးသားဟာ ကျောင်းသူကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ သတ်ရန်ကြံစည်မှု၊ တရားမ၀င်ဖမ်းဆီးချုပ် နှောင်ထားမှုတွေနဲ့ ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ပါဗီနာ အမျိုးသမီးနဲ့ ကလေးသူငယ်ဖောင်ဒေးရှင်းမှတဆင့် ကျောင်း သူရဲ့မိခင်ရဲ့ တိုင်ကြားမှုနောက်မှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ကျောင်းသူဟာ ဥပဒေအထူးပြုကျောင်းသူဖြစ်ပြီး ပြစ်မှုကျူးလွန်တဲ့ ကာယဆရာ အမျိုးသားနဲ့ အွန်လိုင်းမှတဆင့် ချစ်ကျွမ်းဝင်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီနောက်မှာ သာနမက်ဟာ ချင်းရိုင်ကိုလာပြီး အခန်းရှာဖို့ သူ့ကိုပြောခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ဟာ လွန်ခဲ့တဲ့ သုံးလေးလလောက်က အပြင်မှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီး အ ဆိုပါကျောင်းသူက ကျောင်းမှာ တခြားနိုင်ငံခြားသားတဦးနဲ့ တတွဲတွဲရှိနေတာကို သ ဘောမတွေ့ရာကနေ ခုလိုစဖြစ်ခဲ့တာပါ။
သာနမက်ဟာ ကျောင်းသူကို ထိုးနှက်ကန်ကျောက်ကာ မျက်နှာကို စီးကရက်မီးနဲ့ ထိုးပြီး အခန်းထဲမှာ ၂ ရက်ကြာ ပိတ်လှောင်ထားခဲ့တာပါ။
ထိုးနှက်ကန်ကျောက်မှုဒဏ်ကြောင့် ကျောင်းသူမှာ အဆုတ်ဒဏ်ရာရရှိကာ နံရိုးတွေလည်း ကျိုးသွားခဲ့တယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူရဲ့အဆိုအရ သမီးဖြစ်သူဟာ အခန်းထဲက လွတ်အောင် ကိုယ်တိုင် ကြိုးစားခဲ့ရပြီး သူငယ်ချင်းတယောက်အကူအညီနဲ့ ဆေးရုံကို သွားရောက်ခဲ့တယ်လို့ ပြောပါတယ်။
ဆေးရုံရောက်ချိန်မှာ ပါဗီနာအမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ အမျိုးသမီး ပါဗီနာဟောင်ဆာကူလာကတဆင့် ဟွာမက်ခ်ရဲစခန်းမှ ရဲချုပ် ဆာရာယွတ်ချန်နာဝပ်ကို အကြောင်းကြားခဲ့ပြီးမှ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်း မှာ ဖော်ပြပါတယ်။
ရဲတွေကတော့ ပြစ်မှုကျူးလွန်သူ သနာမက်ဟာ တခြားသောအမျိုးသမီးတွေကို အလားတူ ကျူးလွန်မှုတွေ ရှိမရှိ ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။