ထိုင်း​နိုင်ငံရှိ မြန်မာအလုပ်သမား​များ​ ကျန်း​မာ​ရေး​စောင့်​ရှောက်ခွင့်​မရ

ယာယီနိုင်ငံကူး​လက်မှတ်နဲ့​ ထိုင်း​အလုပ်သမား​မှတ်ပုံတင်ကိုင်​ဆောင်ထား​သူ မြန်မာအလုပ်သမား​တဦး​ ကျန်း​မာ​ရေး​စောင့်​ရှောက်ခွင့်​ အာမခံချက်မရှိတဲ့​အတွက် ​ဆေး​မကုသနိုင်ဘဲ ​သေဆုံး​ခဲ့​ရပါတယ်။ ထိုင်း​နိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်း​ ငါး​သေတ္တာအလုပ်ရုံမှာ အလုပ်လုပ်တဲ့​ ယာယီနိုင်ငံကူး​လက်မှတ်နဲ့​ ထိုင်း​အလုပ်သမား​မှတ်ပုံတင် ကိုင်​ဆောင်ထား​သူ မြန်မာအလုပ်သမား​ ကိုထူး​ဝင်း​ကိုဟာ ​ဆေး​ဝါး​ကုသခ ဘတ်နှစ်သိန်း​ကျော် မရှိတဲ့​အပြင် အလုပ်ရှင်က သူ့​အတွက် ကျန်း​မာ​ရေး​ အာမခံချက် မလုပ်​ပေး​ထား​တဲ့​ အတွက် ​ဆေး​ဝါး​ကုသမှု မခံယူနိုင်ဘဲ ​သေဆုံး​ခဲ့​တာဖြစ်ပါတယ်။ အခုလို မ​သေသင့်​ဘဲ ​သေဆုံး​စေခဲ့​ရတဲ့​အတွက် လက်ရှိ ထိုင်း​အလုပ်သမား​ ကျန်း​မာ​ရေး​ အာမခံအ​ကြောင်း​နဲ့​ပတ်သက်ပြီး​ လူ့​အခွင့်​အ​ရေး​နဲ့​ဖွံ့​ ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​ HRDF မှ မြန်မာအလုပ်သမား​ရေး​ရာ တာဝန်ရှိသူတဦး​ဖြစ်တဲ့​ မဇာက အခုလို ​ပြောပါတယ်။ “ကျန်း​မာ​ရေး​ လူမှု​ရေး​အာမခံ (ပကန်စန်း​ခုန်) ဆိုတာ အလုပ်သမား​က သွား​ပြီး​တင်သွင်း​လို့​ မရဘူး​။ သူ​ဌေး​က​နေ ​ခေါ်သွား​ပြီး​ သွင်း​မှရတယ်။ သူ​ဌေး​သွား​မသွင်း​တော့​ ကိုယ်ကလည်း​ ဘာမှမ​ပြောရဲဘူး​။ ပကန်စန်း​ခုန် ရှိရင် သူ​ဌေး​ ၅ ရာခိုင်နှုန်း​၊​ အလုပ်သမား​ ၅ ရာခိုင်နှုန်း​၊​ အစိုး​ရက ၂.၇ ရာခိုင်နှုန်း​၊​ ထုတ်ရမယ်ဆို​တော့​ သူ​ဌေး​အ​နေနဲ့​က မထုတ်​ပေး​ချင်ဘူး​။ ဒါ​ပေမယ့်​ ပကန်စန်း​ခုန် ရဲ့​ တာဝန်က ဒီပတ်စပို့​ရထား​ပြီး​သား​ အလုပ်သမား​ ဘယ်နှ​ယောက်ရှိတယ်ဆိုတာ သူတို့​စစ်​ဆေး​ရမယ်။ သူတို့​အပိုင်း​။" ယာယီနိုင်ငံကူး​လက်မှတ်​တွေ ကိုင်​ဆောင်ထား​တဲ့​ မြန်မာအလုပ်သမား​တွေကို ပြီး​ခဲ့​တဲ့​ဇွန်လနဲ့​ ဇူလိုင်လ​တွေအတွင်း​ ထိုင်း​က တရား​ဝင်အလုပ်သမား​မှတ်ပုံတင်ထုတ်​ပေး​ခဲ့​တာပါ။ အဲဒီ စနစ်သစ်မှာ အလုပ်သမား​တွေရဲ့​ ကျန်း​မာ​ရေး​အာမခံမှတ်ပုံတင်ကို အလုပ်သမိာ်ုး​ယ်တိုင် တိုက်ရိုက်သွား​လုပ်လို့​မရ​တော့​ဘဲ အလုပ်ရှင်​တွေကသာ ကိုယ်စား​သွား​ လုပ်​ပေး​ရမှာဖြစ်တဲ့​အတွက် အလုပ်ရှင်အ​တော်များ​များ​ သွား​ရောက် လုပ်​ပေး​တာ မရှိကြပါဘူး​။ ဒီအတွက် ယာယီနိုင်ငံကူး​လက်မှတ်ကိုင်​ဆောင်ထား​ပြီး​ ထိုင်း​အလုပ်သမား​မှတ်ပုံတင်လည်း​ ရှိတဲ့​ မြန်မာအလုပ်သမား​တွေဟာ ကျန်း​မာ​ရေး​စောင့်​ရှောက်ခွင့်​ကို မရရှိကြတာ ဖြစ်ပါတယ်။ အရင်စနစ်အရ ပန်း​ရောင်အလုပ်သမား​ကတ်ပြား​ ကိုင်​ဆောင်ထား​သူဟာ ကျန်း​မာ​ရေး​အာမခံ ၁၉၀၀ ဘတ်သာ​ပေး​ဆောင်ရပြီး​ ကျန်း​မာ​ရေး​ကုသခွင့်​ လိုအပ်သ​လောက် ရရှိခဲ့​ကြပါသည်။ လက်ရှိ အလုပ်သမား​ ကျန်း​မာ​ရေး​အာမခံ စနစ်သစ်ကို ပြုပြင်​ပြောင်း​လဲရန့်​ ထိုင်း​နိုင်ငံမှာရှိတဲ့​ ပြည်တွင်း​နဲ့​နိုင်ငံကာအလုပ်သမား​အဖွဲ့​အစည်း​ကြီး​တွေက သက်ဆိုင်ရာ အစိုး​ရအာဏာပိုင်အဖွဲ့​အစည်း​တွေကို ဖိအား​ပေး​တောင်း​ ဆို​နေကြတယ်လို့​လည်း​ သိရှိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up