လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ဆန္ဒပြခဲ့သည့် ဒေါက်တာမြတ်နုခိုင်ကို ထောင် ၁ နှစ်ချ

၂၀၁၄ ခုနှစ်က လက်ပံတောင်းအရေး ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်နုခိုင်ကို ဒဂုံမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချလိုက်ပါတယ်။ ဒီပုဒ်မ ၄ ခုထဲက ပုဒ်မ ၅၀၅ ခ၊ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၃၅၃ တို့ကို တရားသေလွှတ်ခဲ့ပြီး နိုင်ငံဝန်ထမ်းကို နှောင့်ယှက်မှုနဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၁၄၇ အတွက် ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့တာပါ။ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်နုခိုင်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ ခ၊ ငြိမ်းစုစီ ပုဒ်မ ၁၈ အပါအဝင် ပုဒ်မ ၄ ခုနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။ အခု အမိန့်အတွက် အယူခံဆက်မတက်တော့ဘူးလို့ ဒေါက်တာမြတ်နုခိုင်က ပြောပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးထိခိုက်မှု ရှိနေတယ်လို့ ဆိုပါတယ်။

More News
Up