Home မြန်မာသတင်း ဦးအောင်ဆန်းဦးနှင့် မော်နီတာဂျာနယ်တို့အား တရားစွဲဆိုမှုရုံးချိန်း စောင့်ဆိုင်းနေ
ဦးအောင်ဆန်းဦးနှင့် မော်နီတာဂျာနယ်တို့အား တရားစွဲဆိုမှုရုံးချိန်း စောင့်ဆိုင်းနေ
aung san oo မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ်တို့ကို တရားရုံးအား မထီမဲ့မြင်ပြုမှုနဲ့ တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး တရားရုံးက ဆင့်ခေါ်လာမယ့် ရုံးချိန်းကို စောင့်ဆိုင်းနေတယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။
“ဒါက တရားလွှတ်တော်ဆိုတော့ ရက်ချိန်းကို အတိအကျမပေးလိုက်ဘူး။ အမှုတွဲတောင်းခေါ်တာ သမာန်စာတွေဆင့်တာ ဒီအပေါ်မှာ မူတည်ပြီးတော့မှ ထွက်တယ်။ ကျနော်တို့က ရုံးချိန်းစောင့်နေတာပေါ့။ ကျနော်တို့ အမှုနံပါတ်လည်း ပေါ်နေပါပြီ။ ရုံးချိန်းသာ မပေါ်သေးတာ။”
ဒေါ်အောင်ဆန်းစုကြည်နေထိုင်နေတဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်နဲ့ခြံဝင်းကို လွန်ခဲ့တဲ့ ၁၀ နှစ်က ဦးအောင်ဆန်းဦးက “အမွေဘုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု” နဲ့ စတင်တရားစွဲဆိုခဲ့မှုအပေါ် တရားရုံးက ဆုံးဖြတ်ချက်မချခင် အဆင့်ကျော်လွန်ပြီး အမှုနိုင်ပြီဖြစ်ကြောင်း ဦးအောင်ဆန်းဦးက ပြောဆိုခဲ့ပါတယ်။
ဒီပြောဆိုချက်အပေါ် “တရားရုံးအား မထီမဲ့မြင်ပြုမှုနဲ့” ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဦးအောင်ဆန်းဦးရဲ့ ပြောကြားချက်တွေကို ထည့်သွင်းဖော်ပြခဲ့တဲ့ မော်နီတာဂျာနယ် ထုတ်ဝေသူ ဝဏ္ဏကျော်ထင်ဦးလှမြင့်ဆွေနဲ့ အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့ကိုလည်း ယခုလ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ရန်ကုန်တိုင်း တရားလွှတ်တော်မှာ ပူးတွဲပြီး တရားစွဲဆိုခဲ့ပါတယ်။
ဦးအောင်ဆန်းဦးဟာ ဒေါ်အောင်ဆန်းစု ကြည်ကို ၂၀၀၀ ပြည့်နှစ်က နေအိမ်နဲ့ ခြံဝင်း အမွေပိုင်ဆိုင်လိုမှုနဲ့ စတင်တရားစွဲဆိုခဲ့ပါတယ်။
အဲ့ဒီအမှုမှာတော့ ဦးအောင်ဆန်းဦးကို နိုင်ငံခြားသား တဦးအနေဖြင့် နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ဦးအောင်ဆန်းဦး အမှုရှုံးနိမ့်ခဲ့ရပါတယ်။
အဲ့ဒီနောက် ၂၀၀၁ ခုနှစ်မှာတော့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေတွေက အမွေဘုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုနဲ့ ထပ်မံတရားစွဲဆိုခဲ့ရာ ၁၀ နှစ်အကြာ ဒီကနေ့အချိန်အထိ တရားရုံးက မဆုံးဖြတ်သေးတာလnf; ဖြစ်ပါတယ်။
ဒီကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၉ ခုနှစ်မှာ နေအိမ်ပြင်မှုပြုလုပ်ခဲ့စဉ်အချိန်ကလည်း ဦးအောင်ဆန်းဦးရဲ့ ကန့်ကွက်မှုကြောင့် ပြင်ဆင်မှုကို ခေတ္တရပ်ဆိုင်းထားခဲ့ရပါတယ်။
ဆက်စပ်သတင်းများ