မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကတိသစ္စာပြု

မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဒီနေ့ ကတိသစ္စာပြု ခဲ့ပါတယ်။ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို ဒီနေ့မနက်ပိုင်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး ၀န်ကြီးချုပ်က ကတိသစ္စာပြုခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။ မကွေး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ သတင်းဓာတ်ပုံ - MOI  

More News
Up