DVB Logo
Home
မြန်မာသတင်း
ကွန်း​ချောင်း​ဆည် ကျိုး​မည်ကို ​ဒေသခံများ​ စိုး​ရိမ်
DVB
·
August 16, 2011
Donate to DVB

ပဲခူး​တိုင်း​ ဖြူး​မြို့​ အ​နောက်​တောင်ဘက် ကိုး​မိုင်ခန့်​အကွာမှာရှိတဲ့​ ကွန်း​ချောင်း​ဆည် ကျိုး​မှာကို ​ဒေသခံ​တွေက စိုး​ရိမ်ထိတ်လန့်​နေကြပါတယ်။

ပြီး​ခဲ့​တဲ့​ ဩဂုတ်လ ၈ ရက်​နေ့​ကစပြီး​ မိုး​သည်း​ထန်း​စွာရွာသွန်း​မှု​ကြောင့်​ ​မြေပြိုမှု​တွေဖြစ်ပွား​ရာမှာ ကွန်း​ချောင်း​ဆည်အတွင်း​ ​မြေပြိုကျခဲ့​တဲ့​အတွက် ဆည်​ရေလျှံမှုဖြစ်ပွား​ခဲ့​ပါတယ်။

ရေလျှံ​နေတဲ့​ ဆည်​ရေတံခါး​ဖွင့်​ဖို့​လည်း​ ဆည်တံခါး​နား​မြေပြိုတဲ့​အတွက် ​ရေတံခါး​ဖွင့်​မရဖြစ်​နေပြီး​ ကွန်း​ချောင်း​ဆည်ကျိုး​မှာကို ​ဒေသခံ​တွေ စိုး​ရိမ်​နေ​ကြောင်း​ ဖြူး​မြို့​ခံတဦး​က အခုလို ​ပြောပါတယ်။

“​နောက်က​တောင်​ကြောကြီး​ပဲ ရှိတယ်ဆို​တော့​ ​တောင်​ပေါ်က မိုး​အား​နဲ့​ရေကျ​တော့​ ​မြေကပြိုပြီး​ ဆည်ထဲကို ဆင်း​သွား​တာ။ အလယ်က ​မျှော်စင်ရှိတယ်။ အဲ့​ဒီလူ​လျှောက်လမ်း​လည်း​ ​မြေကြီး​အား​ကြောင့်​ ကျိုး​သွား​တယ်​ပြောတယ်။ အဲဒီ​မြေကြီး​က ​အောက်​ခြေကိုဆင်း​သွား​တော့​ ​အောက်​ခြေမှာ ​ရေလွှဲ​ပေါက် သုံး​ပေါက်ရှိတယ်။ အဲဒီမှာ သွား​ပုံ​တော့​ ​ရေ​ပေါက်​တွေက ဖွင့်​မရဘူး​။ ဖွင့်​မရ​တော့​ ​ရေက လျှံလာတယ်။ လျှံလာ​တော့​ အခုက စိုး​ရိမ်စရာ​တော့​ ရှိတာ​ပေါ့​။”

ရေတံခါး​ဖွင့်​နိုင်​ရေး​ အာဏာပိုင်​တွေဘက်ကလည်း​ ကြိုး​စား​နေတယ်လို့​ သူက ​ပြောပါတယ်။ ဆည်​အောက်တ​လျှောက် ရွာ​ပေါင်း​ ၁၀ ရွာထက်မနည်း​ရှိသလို လယ်ကွင်း​အ​တော်များ​များ​လည်း​ ရှိ​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013