Home
မြန်မာသတင်း
မြန်မာအစိုးရသစ်နှင့် လက်တွဲဆောင်ရွက်မည်ဟု သမ္မတအိုဘားမားကြေညာ
DVB
·
March 31, 2016
မြန်မာနိုင်ငံမှာ သမ္မတအဖြစ် ရာထူးတာဝန်လွှဲပြောင်းရယူလိုက်တဲ့ ဦးထင်ကျော်အတွက် သမ္မတ အိုဘားမားက ချီးကျူးဂုဏ်ပြုတဲ့အကြောင်းနဲ့  အစိုးရအဖွဲ့သစ်နဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြေညာပါတယ်။ ဦးထင်ကျော် သမ္မတရာထူးတာဝန် လွှဲပြောင်းလက်ခံယူလိုက်တာဟာ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ အရပ်သား ဦးဆောင်တဲ့ အစိုးရထံ အသွင်ကူးပြောင်းတဲ့ သမိုင်းမှတ်တိုင်ဖြစ်တယ်လို့လည်း မတ်၃၀ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အိမ်ဖြူတော်ကြေညာချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးတိုးတက်အောင်ဆောင်ရွက်တာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုးတက်ဖော်ဆောင်တာနဲ့ နိုင်ငံသားတွေအတွက် အခွင့်အရေးနဲ့ လွတ်လပ်မှုအတွက် တိုးတက်အောင် ဆောင်ရွက်တာအပါအဝင် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေကို ရှေ့ဆက်ရင်ဆိုင်ရဖို့ရှိတယ်လို့ ဆိုပါတယ်။ အနာဂတ်မှာ မြန်မာနိုင်ငံအနေနဲ့ အားလုံးပါဝင်ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံအဖြစ် တည်ဆောက်ရာမှာ အမေရိကန်ပြည်ထောင်စုက  မြန်မာအစိုးရသစ်နဲ့ မြန်မာပြည်သားတွေနဲ့ မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားဖို့ မျှော်လင့်တယ်လို့လည်း  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024