ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်လာနိုင်ဟု မိုးဇလသတိပေး

5.2K
ဧရာဝတီမြစ်ရေဟာ မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေး တိုင်းဒေသကြီးတွေမှာ ရုတ်တရက် မြင့်တက်လာနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။
ဧရာဝတီမြစ်ရေဟာ မတ်၃၀ရက် ညနေ ၃ နာရီခွဲအချိန်တိုင်းထွာချက်အရ မြစ်ကြီးနားမြို့မှာ ၁၅ နာရီအတွင်း ၆ ပေခန့်မြင့်တက်ခဲ့ပြီး လာမည့် ၁ရက်မှ ၃ရက်အတွင်း ဗန်းမော်နဲ့ ကသာမြို့တွေ့မှာ ၄ ပေမှ ၅ ပေခန့်၊ နောက် ၃ ရက်မှ ၇ ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တွေမှာ ၂ပေခွဲမှ ၃ပေခွဲခန့် လက်ရှိရေမှတ်အထက် မြင့်တက် လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြစ်ရေးတိုးလာနိုင်တာကြောင့် မြစ်ကြောင်းအတွင်း သွားလာနေကြတဲ့ လှေ၊ သင်္ဘောတွေ ဂရုပြုဖို့နဲ့ သဲသောင်ခုံတွေပေါ် စိုက်ပျိုးနေထိုင်ကြသူတွေအနေနဲ့ မြစ်ရေရုတ်တရက် တိုးလာနိုင်တာကို ဂရုပြုနေထိုင်ဖို့လည်း အကြံပြုထားပါတယ်။