DVB Logo
Home
မြန်မာသတင်း
အစိုး​ရတပ်က မွန်​ဒေသခံပိုင် ရာဘာခြံနှင့်​ ​မြေကွက်များ​ အဓမ္မသိမ်း​ယူ
DVB
·
August 16, 2011
အစိုး​ရတပ်က မွန်​ဒေသခံပိုင် ရာဘာခြံနှင့်​ ​မြေကွက်များ​ အဓမ္မသိမ်း​ယူ
Donate to DVB

မွန်ပြည်နယ်နဲ့​ တနင်္သာရီတိုင်း​က ​ဒေသခံပိုင် ရာဘာခြံ​တွေ၊​ ​မြေကွက်​တွေကို အစိုး​ရတပ်က အတင်း​အဓမ္မသိမ်း​ယူ​နေတာ​တွေကို ဦး​သိန်း​စိန်အစိုး​ရအ​နေနဲ့​ အ​ရေး​ယူ​ဆောင်ရွက်​ပေး​ဖို့​ မွန်ပြည်လူ့​အခွင့်​ အ​ရေး​ဖောင်​ဒေး​ရှင်း​က မ​နေ့​က အစီရင်ခံစာ​စောင် ထုတ်ပြန်ပြီး​ ​တောင်း​ဆိုလိုက်ပါတယ်။

မွန်ပြည်နယ် ကျိုက်မ​ရော၊​ ​ရေး​ နဲ့​ သံဖြူဇရပ်မြို့​နယ်၊​ တနင်္သာရီတိုင်း​ ​ရေဖြူ မြို့​နယ်ထဲက ရာဘာခြံ​တွေ၊​ ​မြေကွက်​တွေ စုစု​ပေါင်း​ ဧက ၅ ​ထောင်နီး​ပါး​ကို အစိုး​ရနဲ့​ သူတို့​ရဲ့​ အကျိုး​တူကုမ္ပဏီပိုင်ရှင်​တွေ၊​ နယ်​မြေအ​ခြေစိုက် ​ရေတပ်မ​တော်တို့​က ၂၀၁၀-၂၀၁၁ ခုနှစ်​တွေထဲမှာ အဓမ္မသိမ်း​ယူခဲ့​တယ်လို့​ ​ကြေညာချက်ထဲမှာ ​ဖော်ပြထား​ပါတယ်။

မြေယာဆုံး​ရှုံး​ရတဲ့​ ပြည်သူအများ​စုဟာ အလုပ်အကိုင် အတည်တကျမရှိဘဲ စား​ဝတ်​နေ​ရေး​ အခက်အခဲ​တွေနဲ့​ ​တွေ့​ကြုံ​နေရပြီး​ တချို့​က တခြား​နေရာမှာ ​ရွှေ့​ ​ပြောင်း​ပြီး​ကြုံရာ အလုပ်လုပ်ရတယ်လို့​ ဆိုပါတယ်။ အစိုး​ရက အ​လျော်ပြန်​ပေး​တာ တချို့​ရှိခဲ့​ပေမယ့်​ အနည်း​ငယ်​လောက်သာ ပြန်ရတဲ့​အတွက် ​တောင်သူ​တွေမှာ နာလန်မထူနိုင်ကြတာ စတာ​တွေ​ကြောင့်​ မွန်ပြည်လူ့​အခွင့်​အ​ရေး​ဖောင်​ဒေး​ရှင်း​က ပြည်သူ​တွေကိုယ်စား​ ​ကြေညာချက်ထုတ်ပြီး​ ဦး​သိန်း​စိန်အစိုး​ရကို ​တောင်း​ဆိုလိုက်တာလို့​ ညှိနှိုင်း​ဆောင်ရွက်​ရေး​ တာဝန်ခံ နိုင်ဦး​မွန်က ​ပြောပြပါတယ်။

“အဓိက​တော့​ အချက်သုံး​ချက်ပါ။ ဦး​သိန်း​စိန် အစိုး​ရအ​နေနဲ့​ စစ်တပ်နဲ့​ စီး​ပွား​ရေး​ကုမ္ပဏီတို့​ရဲ့​ ​မြေယာအဓမ္မသိမ်း​ခဲ့​တဲ့​ အမှုကို အမြန်ဆုံး​တား​ဆီး​ပေး​ဖို့​၊​ ​နောက်တချက်က မွန်​ဒေသလုံး​ဆိုင်ရာဒီမိုက​ရေစီပါတီမှာ မွန်ပြည်သူ​တွေ ​ရွေး​ကောက်တင်​မြှောက်ထား​တဲ့​ ပြည်​ထောင်စုလွှတ်​တော်နဲ့​ ပြည်နယ်လွှတ်​တော်​တွေမှာ ​နေရာ​ပေး​ခြင်း​ခံရတဲ့​ ​မြေပိုင်ရှင်​တွေ လယ်ပိုင်ရှင်​တွေရဲ့​ ဘဝလုံခြုံ​ရေး​။ ပြီး​တော့​ တရား​မျှတမှုအတွက် ဝိုင်း​ဝန်း​ပြီး​တော့​ ကူညီ​စောင့်​ရှောက်​ပေး​ဖို့​။ မြန်မာနိုင်ငံဆိုင်ရာ လူ့​အခွင့်​အ​ရေး​ အထူး​ကိုယ်စား​လှယ် မစ္စတာကင်တား​နား​အ​နေနဲ့​ အခု စစ်တပ်က​နေ တရား​မဝင် သိမ်း​ယူထား​တဲ့​ ​မြေ​တွေကို စုံစမ်း​စစ်​ဆေး​ပေး​ဖို့​၊​ တား​မြစ်​ပေး​ဖို့​ အဲ့​ဒီအချက်​တွေ ​တောင်း​ဆိုထား​တာရှိပါတယ်။”

ကျိုက်မ​ရောမြို့​နယ် နိတုံရွာက ​ဒေသခံပိုင်​မြေ ၈၀၀ ​ကျော်ကို အစိုး​ရနဲ့​ အကျိုး​တူ ​ဇေကမ္ဘာကုမ္ပဏီက ဘိလပ်​မြေစက်ရုံတည်​ဆောက်​ရေး​စီမံကိန်း​အတွက် သုံး​ခဲ့​တာ၊​ ​ရေဖြူမြို့​နယ် ကျွဲသုံး​ညီမကျွန်း​ပေါ်က ရာဘာခြံနဲ့​မြေဧက​ပေါင်း​ တ​ထောင်​ကျော်ကို ​ရေဖြူအ​ခြေစိုက် တပ်ရင်း​ ၄၃ က စစ်​လေ့​ကျင့်​ရေး​ကွင်း​၊​ စစ်သင်တန်း​ကျောင်း​နဲ့​ စစ်တန်း​လျား​တွေ၊​ စစ်တပ်သက်သာ​ချောင်ချိ​ရေး​ စိုက်ကွင်း​တွေ လုပ်ခဲ့​တာ​တွေအပါအဝင် ​မြေယာသိမ်း​ဆည်း​မှု​တွေဟာ ကရင်ပြည်နယ် ​ကော့​ကရိတ်မြို့​နယ်ထဲမှာလည်း​ ဖြစ်ပွား​ခဲ့​တဲ့​အတွက် အား​လုံး​ပေါင်း​ ဧက ၂ ​သောင်း​ကျော်​လောက် အသိမ်း​ခံခဲ့​ရတယ်လို့​ ဆိုပါတယ်။

ဒီအ​ကြောင်း​တွေကို မွန်ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေကလည်း​ အစိုး​ရကို ဆက်ပြီး​ တင်ပြတိုက်တွန်း​ခြင်း​အား​ဖြင့်​ ဒီပြဿနာကို စီစဉ်​ဖြေရှင်း​ပေး​ဖို့​ ​မျှော်လင့်​သလို နိုင်ငံတကာကလည်း​ အစိုး​ရကို ဖိအား​ပေး​မယ်လို့​ ​မျှော်လင့်​တယ်လို့​ နိုင်ဦး​မွန်က ​ပြောပါတယ်။

မွန်လူ့​အခွင့်​အ​ရေး​ဖောင်​ဒေး​ရှင်း​အဖွဲ့​ကို လွန်ခဲ့​တဲ့​ ၁၉၉၅ ခုနှစ် ဇွန်လက စတင်တည်​ထောင်ခဲ့​ပြီး​ မွန်ပြည်နယ်၊​ တနင်္သာရီတိုင်း​ နဲ့​ ကရင်ပြည်နယ်ထဲက လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုအမျိုး​မျိုး​ကို ​လေ့​လာ​စောင့်​ကြည့်​တာ အချက်အလက် ​ကောက်ယူတာ၊​ ပညာ​ပေး​တာ​တွေ အစီရင်ခံစာထုတ်ပြန်တာ​တွေ လုပ်​ဆောင်လျက်ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013