DVB Logo
Home
မြန်မာသတင်း
ကောလင်းမြို့နယ်တွင် တရားမ၀င်သစ်စက်နှင့်သစ်များ ပိုင်ရှင်မဲ့ဖမ်းမိ
DVB
·
March 31, 2016
ကောလင်းမြို့နယ်တွင် တရားမ၀င်သစ်စက်နှင့်သစ်များ ပိုင်ရှင်မဲ့ဖမ်းမိ
1 / 4
Donate to DVB

ကောလင်းမြို့နယ်မှာ တရားမဝင်သစ်စက် ၁ လုံးနဲ့ ကျွန်းခွဲသားတွေ တင်ဆောင်လာတဲ့ ဟီးနိုး ၆ ဘီးယာဉ်တစီးကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် ရွှေသမင်တောင် ကြိုးပြင်ကာကွယ်တောအတွင်း မတ် ၂၈ ရက်နေ့က တရားမဝင်သစ်စက်တလုံးနဲ့ ကျွန်းခွဲသားတွေအပါအ၀င် ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးမိခဲ့တယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။

အလားတူ လက်ပံခုံရွာနဲ့သံပရာခုံကျေးရွာချင်းဆက် ကားလမ်းဘေးမှာလည်း ကျွန်းခွဲသားတွေ  တင်ဆောင်ထားတဲ့ ဟီးနိုး ၆ ဘီးယာဉ်တစီးအပေါ်ကနေ တရားမ၀င် ကျွန်းသစ်အပါဝင် စုစုပေါင်းသစ် (၂ ဒသမ ၅၇၇၆) တန်တို့ကို သစ်တောဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မတ် ၂၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ (သတင်း - ကိုကိုလင်း - အင်းတော်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013