ယာယာတိုရေး မန်စီးတီးအသင်းမှ ထွက်တော့မည်

ဓာတ်ပုံ - ရိုက်တာ
1.3K
မန်စီးတီးအသင်း အားထားရတဲ့ ကစားသမားတွေထဲက တဦးဖြစ်တဲ့ ကွင်းလယ်ကစားသမား ယာယာတိုးရေးဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သူ့ရဲ့အေးဂျင့် ဒီမီထရီ ဆီလက်က ပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ဘာမှ ခိုင်ခိုင်မာမာ မလုပ်သလို အခုပုံစံက တိုရေးကို အသင်းမှာ ဆက်ရှိနေစေချင်တဲ့သဘော မခံစားရဘူးလို့ ပြောပါတယ်။
အခု ဥပရောပအသင်းတွေနဲ့ ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။
တိုရေးဟာ လာမယ့်ရာသီမှာ စာချူပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းမတိုးရင် အသင်းကနေ ထွက်မယ်လို့လည်း အစောပိုင်းက သတိပေးထားပါတယ်။
ဒါပေမယ့်လည်း အခုအထိ အသင်းက သူ့ကို သက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတာ တိတိကျကျ ပြောတာမျိုးတော့ မရှိသေးပါဘူး။
သူ့ကို ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
အသက် ၃၂ နှစ်အရွယ် အိုင်ဗရီကို့စ်လက်ရွေးစင် တိုရေးဟာ ၂၀၁၀ မှာ မန်စီးတီးအသင်းကို ဘာစီလိုနာကနေ ရောက်လာပြီး ပွဲပေါင်း ၁၈၉ ပွဲ ကစားထားကာ ၅၄ ဂိုး သွင်းပေးထားသူ ဖြစ်ပါတယ်။