အက်စတွန်ဗီလာနည်းပြကို ရာထူးမှ ထုတ်ပယ်

ဓာတ်ပုံ - ရိုက်တာ
822
အက်စတွန်ဗီလာအသင်းဟာ နည်းပြ ဂါဒီကို ရာထူးမှ ထုတ်ပယ်လိုက်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးရောက်နေတဲ့ ဗီလာအသင်းရဲ့ အသက် ၄၉ နှစ်အရွယ် ပြင်သစ်နိုင်ငံသား ဂါဒီဟာ နည်းပြတာဝန် ထမ်းဆောင်းပြီး ၅ လ မပြည့်ခင်မှာ အသင်းက ထုတ်ပယ်ခံခဲ့ရတာပါ။
သူဟာ အရင်နည်းပြ တင်မ်ရှားဝုဒ်ဆီကနေ နည်းပြတာဝန်ကို လွှဲပြောင်းယူခဲ့တာဖြစ်ပြီး သူ့လက်ထက်မှာ ပရီးမီးယားပွဲပေါင်း ၂၀ မှာ နိုင်ပွဲ ၂ ပွဲသာ ရရှိခဲ့တာပါ။
ဒါဟာ ဗီလာအသင်းရဲ့ သမိုင်းတလျှောက် နိုင်ပွဲရာခိုင်နှုန်း အနည်းဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
အရင် ၂၀၀၃-၂၀၀၄ ရာသီက ကိုဗင်ထရီစီးတီးနည်းပြလုပ်ခဲ့သူ အဲရစ်ဘလက်က နည်းပြသစ် မခန့်မီအထိ ယာယီနည်းပြအဖြစ် ကိုင်တွယ်မှာဖြစ်ပြီး အခုအချိန်ထိတော့ ဘယ်သူ နည်းပြဖြစ်မလဲဆိုတာ မကြေညာသေးပါဘူး။
ပရီးမီးယားလိဂ် လက်ကျန် ၇ ပွဲသာ ကစားဖို့ကျန်တော့တဲ့ အက်စတွန်ဗီလာအသင်းဟာ တန်းဆင်းဇုန်လွတ်တဲ့နေရာနဲ့ ၁၂ မှတ်အကွာရှိနေပြီး အခုရာသီမှာ တန်းဆင်းရဖို့ များနေတဲ့ အခြေအနေ ဖြစ်နေပါတယ်။