DVB Logo
Home
မြန်မာသတင်း
စစ်ရထား​ရပ်ရန် ​ဒေသခံများ​ကို ချုံရှင်း​ခိုင်း
DVB
·
August 16, 2011
စစ်ရထား​ရပ်ရန် ​ဒေသခံများ​ကို ချုံရှင်း​ခိုင်း
Donate to DVB

စစ်ရထား​ရပ်ပြီး​ တပ်အ​ပြောင်း​အ​ရွှေ့​ လုပ်ဖို့​အတွက် ကချင်ပြည်နယ် မြစ်ကြီး​နား​-မိုး​ကောင်း​ ရထား​လမ်း​ပေါ် နန့်​ကျင်​ချောင်း​နဲ့​နန်း​ကွေ့​ချောင်း​အကြား​ အရှည် ၄ မိုင်ခန့်​ အကွာအ​ဝေး​ရှိ သံလမ်း​ဘေး​ ဝဲယာတ​လျှောက် ချုံ၊​ နွယ်၊​ သစ်ပင်​တွေကို ခလရ ၃၇ က ​ဒေသခံ​တွေကို အခ​ကြေး​ငွေမ​ပေး​ဘဲ ရှင်း​ခိုင်း​နေတယ်လို့​ စစ်တပ်နဲ့​ နီး​စပ်သူ မြစ်ကြီး​နား​ ​ဒေသခံတဦး​က ​ပြောပါတယ်။

အရင်ကလို ကချင်ပြည်နယ်၊​ မြစ်ကြီး​နား​မြို့​ကို စစ်သား​နဲ့​ လက်နက်​တွေ တင်​ဆောင်တဲ့​ ရထား​တွေ မဝင်​ရောက်​တော့​ဘဲ မြစ်ကြီး​နား​နဲ့​ ၄ မိုင်အကွာ နန်း​ကွေ့​ကျေး​ရွာအနီး​ကတဆင့်​ မြစ်ကြီး​နား​ကို စစ်ကား​နဲ့​ ပြန်လည်သယ်​ဆောင်​နေတဲ့​အတွက် အခုလို ရှင်း​လင်း​ခိုင်း​နေတာလို့​ ဆိုပါတယ်။

“အဲဒီမှာ တပ်​ပြောင်း​တပ်​ရွှေ့​လုပ်​နေတာ။ မြို့​ထဲမှာဆို လူအများ​ မြင်သာတယ်​ပေါ့​လေ။ မ​နေ့​ညကလည်း​ ဝင်လာတယ် ​ပြောတယ်။ ကုန်ရထား​ပေါ့​။ စစ်သား​တွေ တင်တဲ့​ ကုန်ရထား​။ မြစ်ကြီး​နား​မြို့​က​နေ ၄ မိုင်​လောက် ​ဝေး​တယ်။ အဲဒီမှာ နန်း​ကွေ့​ဘူတာဆိုတာ ရှိတာကိုး​။ အဲဒီအတက် အဆင်း​လုပ်တဲ့​ခါမှာ ချုံခိုတိုက်မှာ စိုး​ရိမ်လို့​ဆိုပြီး​ ချုံရှင်း​ခိုင်း​တာ။ မြို့​ထဲ မဝင်​တော့​ဘဲနဲ့​ နန်း​ကွေ့​ရွာမှာ လာကြို လိုက်တာ​လေ။ နန်း​ကွေ ရွာနဲ့​ ၃၇ က ကပ်ရပ်ဆို​တော့​။”

ချုံ​တွေ ခုတ်ထွင်ရှင်း​လင်း​ရေး​အတွက် ​မြောက်ပိုင်း​တိုင်း​ စစ်ဌာနချုပ် လက်​အောက်ခံ ခလရ ၃၇ က ​ဒေသခံလူထုကို လုပ်အား​ပေး​ ခိုင်း​စေ​နေတယ်လို့​ မြစ်ကြီး​နား​ဒေသခံက ​ပြောပါတယ်။

“ခလရ ၃၇ က ကင်း​စခန်း​ပုံစံမျိုး​လာထိုင်ထား​တယ်။ ဖြတ်သန်း​ ဖြတ်လာ ခြံထဲသွား​တဲ့​သူနဲ့​ အဲဒီ နန်း​ကွေ့​ကျေး​ရွာတွင်း​မှာရှိတဲ့​ လူ​တွေကို ​ခေါ်ပြီး​မှ သံလမ်း​ ဝဲယာ ချုံခုတ်ခိုင်း​တယ်။ သူတို့​ခုတ်ခိုင်း​တာ အား​လုံး​ ၄ မိုင်နီး​ပါး​ပေါ့​။ နန့်​ကွေ့​တံတား​အထိ၊​ သံလမ်း​ရိုး​ တ​လျှောက်​ပေါ့​။ လမ်း​ဘေး​ ဝဲ/ယာ တဖက်​ပေ ၃ဝဝ ဆို​တော့​ ​ပေ ၆ဝဝ ​ပေါ့​။ လုပ်အား​ပေး​ ရှင်း​ခိုင်း​တာ​ပေါ့​။ တပြား​တချပ်မှ မ​ပေး​ဘူး​။ တခါတ​လေ ခါး​ဆန့်​တာတို့​ ဘာတို့​တောင် တုတ်နဲ့​ လိုက်ရိုက်တယ်​ပြောတယ်။ ခဏတဖြုတ်​မောလို့​ ​ဆေး​လိပ် ထိုင်​သောက်တာမျိုး​ လုပ်ရင် မြန်မြန် လုပ်ဆိုပြီး​မှ တုတ်နဲ့​ လိုက်ရိုက်တယ် ​ပြောတယ်။”

သံလမ်း​ဘေး​ ဝဲ၊​ ယာ ချုံရှင်း​လုပ်အား​ပေး​ကို ခလရ ၃၇ က ပြီး​ခဲ့​တဲ့​အပတ်က စတင်ခိုင်း​ ​စေ​နေတာဖြစ်ပြီး​ ပြီး​ခဲ့​တဲ့​နှစ်​တွေက အိုင်အယ်လ်အိုရဲ့​ ဖိအား​ပေး​မှု​တွေ​ကြောင့်​ အဓမ္မလုပ်အား​ပေး​ ခိုင်း​စေမှု​တွေ မရှိလို့​ သံလမ်း​ဘေး​တ​လျှောက် ချုံ၊​ နွယ်၊​ သစ်ပင်​တွေ ရှင်း​လင်း​နိုင်ခြင်း​မရှိဘဲ ​တောထူ​နေတာလည်း​ ဖြစ်ပါတယ်။

အခု စစ်ရထား​များ​ရပ်နား​ဖို့​ ချုံရှင်း​ခိုင်း​တဲ့​နေရာဟာ ကချင်ပြည်လွတ်လပ်​ရေး​ တပ်မ​တော် (​ကေအိုင်​အေ) တပ်ဖွဲ့​က သံလမ်း​ဖြတ်ကူး​ကာ သွား​လာလှုပ်ရှား​တဲ့​နေရာလည်း​ ဖြစ်သလို ပြီး​ခဲ့​တဲ့​ဇွန်လက အဲဒီနန်း​ကွေ့​ သံလမ်း​တံတား​ကို ဗုံး​ခွဲတိုက်ခိုက်ခဲ့​ပါ​သေး​တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013