အတိုက်အခံအန်အယ်ဒီပါတီက နိုင်ငံအာဏာမနက်ဖြန်လွှဲပြောင်းယူရယူမည်

၂၀၁၁ ခုနှစ်က စတင်တင်တာဝန်ယူခဲ့တဲ့ သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးပါတီအစိုးရ သက်တမ်းကာလ ၅ နှစ် မနက်ဖြန် မတ်လ ၃၀ ရက်မှာ ကုန်ဆုံးမှာဖြစ်လို့ နှစ်ပေါင်းများစွာ အတိုက်အခံပါတီအဖြစ် ရပ်တည်ခဲ့တဲ့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က ပထမဆုံးအကြိမ် နိုင်ငံအာဏာကိုလွှဲပြောင်း ရယူဖို့ ရှိနေပါတယ်။ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော်၊ ဒုတိယသမ္မတတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ရွေးချယ်တင်မြှောက်ခံ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေက ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆို ကတိသစ္စာပြုကြမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော် က ပြည်ထောင်စု လွှတ်တော်မှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားမှာဖြစ်ပြီး ဒီနောက် နိုင်ငံတော်သမ္မတအိမ်တော်ကို သွားရောက်ကာ သမ္မတ ဦးသိန်းစိန်ထံကနေ နိုင်ငံတော် အကြီးအကဲတာဝန်ကို အခမ်းအနားနဲ့ တာဝန်လွှဲပြောင်းရယူမှာဖြစ်ပါတယ်။ အခမ်းအနားကျင်းပပုံတွေကို မြန်မာ့ရုပ်မြင်သံကြား( MRTV News Channel)၊ လွှတ်တော် Channel နဲ့ မြန်မာ့အသံရေဒီယိုတွေကနေ မနက် (၁၀)နာရီမှ စတင် တိုက်ရိုက် ထုတ်လွှင့်သွားမယ်လို့ အစိုးရ ပြန်ကြားရေးက ထုတ်ပြန်ကြေညာထားပါတယ်။

More News
Up