DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲထပ်ဖြစ်
DVB
·
August 15, 2011
Donate to DVB

မနေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တံတားညီနောင် ကျေးရွာအတွင်း ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

မိုးကောင်းဘက်ကနေ ဖားကန့်ကို ကား ၂ စီးနဲ့ ချီတက်လာတဲ့ စစ်သားတွေကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ၊ တပ်ရင်း ၆ က တံတားညီနောင် ကျေးရွာအတွင်း ဩဂုတ်လ ၁၄ ရက် နေ့လယ် ၂ နာရီက ချုံခို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညမိုးချုပ်တဲ့အထိ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ကေအိုင်အေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“နန့်ယားရွာနဲ့ လုံးခင်းကြားထဲမှာရှိတဲ့ တံတားညီနောင် ရွာလယ်ခေါင်မှာ ကေအိုင်အေက စစ်သားတွေ တင်လာတဲ့ကားကို ချုံခိုတိုက်တယ် ပြောတယ်။ ညမိုးချုပ်တဲ့အထိ တိုက်ပွဲဖြစ်တယ်။ ကေအိုင်အေဘက်က မေးကြည့်တဲ့ခါကျတော့ သူတို့က အခုအချိန်မှာ တပ်ဖြည့်တင်းတာမျိုး မလုပ်ဖို့ ပြောထားပြီးတာကို သူတို့ဘက်က ဒီလိုမျိုးဖောက်ဖျက်ပြီးတော့မှ တပ်အင်အား ဖားကန့်ကို ဖြည့်တင်းတဲ့အတွက်ကြောင့် ချုံခိုတိုက်တယ် ပြောတာပဲ။ ရွာထဲမှာ ဖြစ်တာ၊ အရပ်သားတော့ အထိအခိုက်မရှိဘူး။ အဲဒီရွာက နဂိုတည်းက အိမ်ခြေ ၂ဝ ဝန်း ကျင်လောက်ရှိတာ။ ကေအိုင်အေကတော့ သေနတ် ၁ဝ လက်ကျော် ကောက်တယ် ပြောတာပဲ။”

အဲဒီလို တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒီကနေ့ ဖားကန့်-မိုးကောင်းကားလမ်း ယာဉ် အသွားအလာ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

ဖားကန့်ဒေသမှာ တိုက်ပွဲဖြစ်တဲ့ တချိန်တည်းမှာပဲ ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်ရှိ တုံဖုံးယန်မြို့နယ်ခွဲ၊ နန့်ဆန်ယန်ကျေးရွာအနီးမှာ ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ၊ တပ်ရင်း ၂၃ နဲ့ မြောက်ပိုင်းတိုင်းစစ်ဌနချုပ် (မပခ) လက်အောက်ခံတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

နန့်ဆန်ယန် ကျေးရွာအနီး အောင်ဂျာတပ်စခန်း အခြေစိုက် ခလရ ၃၇ အပါအဝင် မပခလက်အောက်ခံ တပ်ရင်းတွေမှ ထုတ်နုတ်အင်အား ၅ဝ ခန့်နဲ့ တပ်ရင်း ၂၃ တို့ နေ့လယ် ၃ နာရီခွဲဝန်းကျင်မှ ညနေပိုင်းအထိ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး နှစ်ဖက် ထိခိုက်မှုတွေ ရှိခဲ့ကြောင်း လိုင်ဇာကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ကေအိုင်အေနဲ့ မြန်မာအစိုးရ စစ်တပ်တွေအကြား အပစ်ရပ်စဲရေးအတွက်  ဩဂုတ် ၂ ရက်နေ့က ကေအိုင်အေဌာနချုပ် လိုင်ဇာအနီး လဂျားယန်ကျေးရွာ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးနဲ့ ကေအိုင်အေ ညှိနှိုင်းရေး အဖွဲ့အကြား တွေ့ဆုံ ဆွေးနွေးခဲ့စဉ်က  အပစ်ရပ် ဆွေးနွေးနေဆဲကာလ တပ်အင်အား ဖြည့်တင်းသွားလာ လှုပ်ရှားမှု မပြုလုပ်ရေး ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013