DVB Logo
Home
မြန်မာသတင်း
FMI ရှယ်ယာတစု ၁ ရက် ၅၀၀၀ ကျပ်နှုန်းမြင့်တက်
DVB
·
March 29, 2016
FMI ရှယ်ယာတစု  ၁ ရက် ၅၀၀၀ ကျပ်နှုန်းမြင့်တက်
Donate to DVB

ရန်ကုန်စတော့အိတ်ချိန်းမှာ ပထမဆုံးရှယ်ယာရောင်းချခွင့်ရတဲ့ First Myanmar Investment (FMI) ရဲ့ ရှယ်ယာတွေဟာ စတင်ရောင်းချခွင့်ရခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ တင်ရှယ်ယာတစုကို  ကြမ်းခင်းဈေး ၂၆၀၀၀ ကနေ ၃၁၀၀၀ ထိ ၅၀၀၀ ကျပ် မြင့်တက်လာခဲ့ပါတယ်။

စနေ၊ တနင်္ဂနွေ ပိတ်ပြီးနောက်ပိုင်း ၂၈ ရက်နေ့မှာလည်း ရှယ်ယာတစုကို ၅၀၀၀ နှုန်း မြင့်တက်ခဲ့ပြီး ခု ၁၉ ရက်နေ့ မနက်ပိုင်း စတော့ဈေးကွက်ပိတ်ချိန်မှာတော့ ရှယ်ယာတစုကို  ၄၁၀၀၀ ကျပ်ထိ ဖြစ်လာပါတယ်။

အခုလို ရှယ်ယာဈေးတွေ မြင့်တက်ရတာနဲ့ ပတ်သက်ပြီး Advisory Company လျှောက်ထားတဲ့ ကိုမျိုးဟိန်းက ၀ယ်သူတွေက ကုမ္ပဏီရဲ့ တကယ့် စာရင်းရှင်းတန်းတွေ ငွေအ၀င်အထွက်တွေနဲ့ ကုမ္ပဏီ တန်ဖိုးကိုကြည့်ပြီး ၀ယ်ကြတာမဟုတ်ကြောင်း၊ အိမ်ခြံမြေနဲ့ တခြား ကားဈေးကွက်တွေ အေးနေတဲ့အချိန် စတော့က ဈေးကွက်သစ်ဖြစ်လို့ ၀င်ရင်းနှီးကြတဲ့အတွက် လက်တလော ဈေးနှုန်းတွေ မြင့်တက်နေရတာလို့ ပြောပါတယ်။

စတော့အရောင်းအ၀ယ်ဖြစ်တဲ့ အရေအတွက်တွေနဲ့ ဈေးနှုန်းတွေကို ဖော်ပေးရရင်တော့ ရန်ကုန် စတော့အိတ်ချိန်းမှာ မတ်လ ၂၅ ရက်နေ့က ရှယ်ယာပမာဏ ၁၁၂,၈၄၅ ရောင်းချခဲ့ရပြီး မြန်မာကျပ်ငွေနဲ့ ၃,၄၉၈,၁၉၅,၀၀၀ ကျပ်ရရှိခဲ့ပါတယ်။

မတ်လ ၂၈ ရက်နေ့မှာတော့ ရှယ်ယာ ၂၀၇,၅၃၂ နဲ့ ၇,၄၇၁,၁၅၂,၀၀၀ ကျပ် ရောင်းချရပြီး မတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာတော့ ရှယ်ယာအရေအတွက်  ၂၁၀,၇၅၂ နဲ့ ၈,၆၄၀,၈၃၂,၀၀၀ ကျပ်ဖိုး ရောင်းချခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013