DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းမှတဆင့် ဟိုတယ်ခန်းများကို ဘွတ်ကင်လုပ်နိုင်မည့် ဝက်ဘ်ဆိုဒ် လွှင့်တင်
DVB
·
March 29, 2016
အွန်လိုင်းမှတဆင့် ဟိုတယ်ခန်းများကို ဘွတ်ကင်လုပ်နိုင်မည့် ဝက်ဘ်ဆိုဒ် လွှင့်တင်
Donate to DVB

အွန်လိုင်းကတဆင့် ဟိုတယ်အခန်းတွေကို ကြိုတင် ဘွတ်ကင်ပြုလုပ်နိုင်မယ့် ၀က်ဘ်ဆိုက်ကို မြန်မာနိုင်ငံမှာ ပထမဆုံး စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ အော့ခစ် (Orchid) ဟိုတယ်မှာ အဲ့ဒီ ၀က်ဘ်ဆိုက်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီဝက်ဘ်ဆိုက်ဟာ ဟိုတယ်အခန်းငှားသူတွေနဲ့ ဟိုတယ်မန်နေဂျာတွေ အများဆုံး အဆင်ပြေနိုင်မယ့် ၀က်ဘ်ဆိုက်တခု ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်လွှင့်တင်တဲ့ Jovago Myanmar ရဲ့ မန်နေးဂျင်းဒါရိုက်တာ Mr. Hugo Schleicher က “Customerတွေ သုံးလို့ရမယ့် အက်ပလီကေးရှင်းရယ် ဟိုတယ်ဘက်က သုံးလို့ရမယ့် အင်တာနက် အက်ပလီကေးရှင်းနဲ့ ဟိုတယ်အခန်းတွေကို ကြိုတင်ဘတ်ကင်လုပ်နိုင်ပါတယ်။ အဲဒီအက်ပလီကေးရှင်းတွေက Customer အတွက် ဘွတ်ကင်လုပ်မယ်ဆိုရင်လည်း အချိန် ၂ မိနစ်လောက်ပဲကုန်ပြီး ဘွတ်ကင်ကို လွယ်လွယ်ကူကူ လုပ်လို့ရမယ်။ အင်တာနက်ဆိုရင်လည်း ဟိုတယ်မန်နေဂျာတွေအနေနဲ့ သူ့ရဲ့ဟိုတယ်ကို လွယ်လွယ်ကူကူနဲ့ စီမံနိုင်အောင် ပြုလုပ်လို့ရမယ့် အက်ပလီကေးရှင်းတွေ ဖြစ်တယ်” လို့ ပြောပြခဲ့တာပါ။

ဝက်ဘ်ဆိုက်ကို မြန်မာဘာသာနဲ့ Android မိုဘိုင်းဖုန်းတွေမှာ အသုံးပြုနိုင်တဲ့အပြင် တနိုင်ငံလုံးမှာရှိတဲ့ ဟိုတယ်တွေရဲ့ အချက်အလက်တွေကိုပါ သေချာသိနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေ အများကြီး ရှိပေမယ့်လည်း ဟိုတယ်အခန်းတွေက အလွယ်တကူ ငှားရမ်းလို့ မရနိုင်တာကြောင့် အခုလိုမျိုး ပြည်တွင်းခရီးသွားလုပ်ငန်းကို လုပ်ဆောင်ရတာ ဖြစ်တယ်လို့ Mr. Hugo Schleicher က ပြောကြားခဲ့တာပါ။

“မြန်မာနိုင်ငံက အရမ်းကို လှပတဲ့နိုင်ငံတခု ဖြစ်တယ်။ မြန်မာပြည်က လူတွေကလည်း ခရီးသွားနေကြတယ်။ ဒါပေမယ့် ဘယ်သူကမှ မြန်မာနိုင်ငံက Local Market ကို Target ထားတဲ့ ကုမ္ပဏီမရှိဘူး။ ခရီးသွားမယ်ဆိုရင် ပြည်သူတွေက ဟိုတယ်ကို တိုက်ရိုက်ဖုန်းဆက်ပြီးတော့ဖြစ်ဖြစ်၊ ရန်ကုန်လမ်းညွှန်က ဖုန်းနံပါတ်တွေ ရှာပြီးတော့ဖြစ်ဖြစ် သွားရတာမျိုးတွေရှိတယ်။ အဲလိုမျိုးတွေ ရှိတဲ့အတွက် မြန်မာနိုင်ငံထဲကို ၀င်ရောက်လာတာပါ” လို့လည်း Mr.Hugo Schleicher က ပြောပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းမှာရှိတဲ့ ဟိုတယ်ပေါင်း ၇၀၀ ကျော်နဲ့ ချိတ်ဆက်ထားပြီး ဘွတ်ကင်လုပ်ထားတဲ့သူတွေလည်း အများအပြားရှိလာပြီ ဖြစ်ပါတယ်။

ဒါတင်မက အာရှနဲ့ အာဖရိကက ဟိုတယ်အလုံးပေါင်း ၂ သောင်းနဲ့ ချိတ်ဆက်ထားပြီး တကမ္ဘာလုံးရှိ ဟိုတယ်ပေါင်း ၂ သိန်းကျော်အထိ ချိတ်ဆက်ထားတယ်လို့ ဆိုပါတယ်။

ဘွတ်ကင်လုပ်ရမယ့် ၀က်ဘ်ဆိုက်လိပ်စာကတော့ http://www.jovago.com/en-gb/hotels/myanmar/124 ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013