ခရီးသည် ၈၁ ဦးပါ အီဂျစ်အဲလေကြောင်းလိုင်း ပြန်ပေးဆွဲခံရ (ရုပ်သံ)

1K
အီဂျစ်အဲလေကြောင်းလိုင်းဟာ မြို့တော်ကိုင်ရိုမြို့ကနေ အလက်ဇန္ဒရီးယားမြို့ ဆီပျံသန်းနေစဉ်မှာ ပြန်ပေးဆွဲခံရတဲ့အတွက် လမ်းကြောင်းပြောင်းပြီး ဆိုက်ပရပ်စ်နိုင်ငံမှာ ဆင်းသက်ခဲ့ရတယ်လို့ အီဂျစ်အစိုးရ ရေဒီယိုက ထုတ်ပြန်ကြေညာပါတယ်။
အီဂျစ်အဲလေကြောင်းလိုင်းက သူတို့ရဲ့ အဲဘတ်စ်-၃၂၀ အမျိုးအစား အမ်အက်စ် -၁၈၁ ပေါ်မှာ ခရီးသည် ၈၁ ယောက်ပါဝင်ပြီး ပြန်ပေးဆွဲခံခဲ့ရတာဖြစ်တယ်လို့ တွစ်တာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အတည်ပြုလိုက်ပါတယ်။
ခုချိန်မှာတော့ ဆိုက်ပရပ်စ်နိုင်ငံတောင်ပိုင်း၊ လာနာကာဆိပ်ကမ်းမြို့လေဆိပ်မှာ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရပြီး ပြန်ပေးဆွဲသူတွေနဲ့ ညှိနှိုင်းမှုတွေလုပ်ဖို့ ကြိုးစား နေတယ်လို့ ဆိုပါတယ်။
ဆိုက်ပရပ်စ်အစိုးရတာဝန်ရှိသူတွေက ပြန်ပေးဆွဲသမားတဦးထက်ပိုပါနိုင်တယ် လို့ အေပီသတင်းဌာနကို ပြောလိုက်ပါတယ်။
ရုပ်သံ - skynews