A d v e r t i s e m e n t With Us

ရာခိုင်နှုန်း​ ၉၀ ​ကျော်​ကျော်​လောက် ​အောင်မြင်သွား​တယ်

မ​နေ့​က ပဲခူး​ခရီး​စဉ်ကို ​ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်အကျယ်ချုပ်က​နေ ပြန်လွတ်လာတဲ့​နောက်ပိုင်း​ အ​ရေး​ကြီး​တဲ့​ နိုင်ငံ​ရေး​စမ်း​သပ်မှုအဖြစ် ​စောင့်​ကြည့်​ခဲ့​ကြပါတယ်။ ၂၀၀၃ ခုနှစ်၊​ အထက်မြန်မာပြည်ခရီး​စဉ် ​နောက်ပိုင်း​ ပထမဆုံး​ ရန်ကုန်ပြင်ပ နိုင်ငံ​ရေး​ ခရီး​စဉ်လည်း​ ဖြစ်ပါတယ်။ ဒီခရီး​စဉ်မှာ ပဲခူး​နယ်ခံလူထု ​ထောင်​သောင်း​ချီပြီး​ကြိုဆိုခဲ့​ကြသလို အာဏာပိုင်​တွေဘက်က လိုက်​လျောမှု​တွေ ပထမဆုံး​ ထူး​ထူး​ခြား​ခြား​တွေ့​ခဲ့​ရတဲ့​အတွက် ထူး​ခြား​တယ်လို့​ ဆိုကြပါတယ်။ ဒီခရီး​က​နေ မြန်မာပြည် နိုင်ငံ​ရေး​ ​ရှေ့​အလား​အလာအတွက် ဘယ်လိုအဓိပ္ပာယ်​ဆောင်ပါသလဲ။ ပဲခူး​မြို့​က ၁၉၉၀ ​ရွေး​ကောက်ခံလွှတ်​တော်အမတ် ဦး​မြတ်လှကို ​မေး​မြန်း​ထား​ပါတယ်။ “ကျ​နော်သိရသမျှ​တော့​ လူထုတက်​ရောက်မှုများ​တယ်၊​ လူစည်တယ်။ လူငယ်​တွေ ​ခေါင်း​ဆောင်ပါဝင်တယ်။ အာဏာပိုင်အဖွဲ့​အစည်း​တွေကလည်း​ ဝိုင်း​ဝန်း​ကူညီကြတယ်။ ဒီအချက် ၃ ချက်က​တော့​ ထူး​ခြား​တယ်။”´ အဲ့​တော့​ အခုလိုမျိုး​ လူငယ်​တွေလည်း​ပါဝင်လာတယ်၊​ အာဏာပိုင်​တွေဘက်ကလည်း​ ကူညီလာ​တော့​ မြန်မာ့​နိုင်ငံ​ရေး​ရဲ့​ ​ရှေ့​အလား​အလာနဲ့​ပတ်သက်ပြီး​တော့​ ဘယ်လိုမျိုး​ တက်လှမ်း​နိုင်မယ်လို့​ တွက်လဲဗျ။ “ကျ​နော်တို့​လည်း​ သူတို့​ကို​တွေ့​စက ယုန်ထင်​ကြောင်ထင်​ပေါ့​ဗျာ။ ​နောက်​တော့​ သူတို့​က အခုတ​ခေါက်ခရီး​စဉ်မှာ တက်တက်ကြွကြွနဲ့​ လုံခြုံ​ရေး​ကို ပါဝင်ကူညီ​ပေး​တယ်။ မဏ္ဍိုင်ဘုန်း​ကြီး​ကျောင်း​မှာ ဘုန်း​ကြီး​သွား​ဖူး​တဲ့​အခါမှာလည်း​ ရဲမင်း​ကြီး​ကိုယ်တိုင် လက်ဖက်ရည်ပွဲနဲ့​ ဧည့်​ခံတယ်။ ရဲတပ်သား​တွေ၊​ ယာဉ်ထိန်း​ရဲ​တွေဆိုရင်လည်း​ လှိုက်လှိုက်လှဲလှဲ အကူအညီ​ပေး​ကြပါတယ်။ ဒါ​တွေကိုကြည့်​ပြီး​တော့​ စစ်အစိုး​ရနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ အဆင်​ပြေလာကြပြီလို့​ ကျ​နော်တို့​က ​ကောက်ချက်ချမိတယ်။ အခုခရီး​စဉ်မှာ ​တွေ့​မြင်ရတာနဲ့​ ပတ်သက်ပြီး​တော့​ မြင်တာ​ပေါ့​။ ဘယ်​လောက်အထိ မှန်မယ် မမှန်ဘူး​ဆိုတာ​တော့​ ​စောင့်​ကြည့်​ရမှာ​ပေါ့​။ ဒီ​နေ့​ပွဲ​လေး​က​တော့​ ထူး​ထူး​ကဲကဲ အာဏာပိုင်​တွေဘက်က လိုက်​လျောတာ​တွေ ကျ​နော်တို့​တွေ့​ရတယ်။” လူထုအများ​အပြား​ထွက်ပြီး​ ကြိုဆိုကြတဲ့​အ​ပေါ်မှာ အာဏာပိုင်​တွေက လုံခြုံ​ရေး​အရ ကြိုတင် ​ကြေညာထား​တာ​ကြောင့်​လား​၊​ ​ဒေါ်စုကို ​တွေ့​ချင်စိတ်​ကြောင့်​လား​၊​ ဘယ်လို အ​ကြောင်း​ရပ်​တွေ​ကြောင့်​လို့​ ထင်လဲခင်ဗျ။ “​ဒေါ်စုကို ချစ်မြတ်နိုး​ကြတဲ့​သူ​တွေက ဒီမှာ တ​နေ့​တခြား​ များ​လာတယ်ဗျ။ ​တော​ရော မြို့​ကလူ​တွေပါ ​ဒေါ်စုကိုယ်တိုင်လာမယ်ဆို​တော့​ အပြင်မှာ​တွေ့​ချင်ကြတယ်ဗျ။ အဓိက သူတို့​မျက်မြင်ကိုယ်တိုင် ​ဒေါ်စုကို ​တွေ့​ချင်ကြတာ အဓိကလို့​ထင်ပါတယ်။ ​နောက်တချက်က အာဏာပိုင်​တွေက ကြိုတင်​ပြောဆို ထား​တာ​တွေ​ကြောင့်​လို့​လည်း​ ထင်ပါတယ်။” အာဏာပိုင်​တွေဆိုတာက အရင်ကတည်း​က ဆက်ဆံခဲ့​တဲ့​ သူ​တွေလား​။ ဒါမှမဟုတ် လူသစ်​တွေလား​ဗျ။ “အထူး​သဖြင့်​ ရဲ​တွေ​ပေါ့​။ လူက​တော့​ပြောင်း​သွား​တာ​ပေါ့​ဗျာ။ အင်အား​အ​နေနဲ့​က​တော့​ ရဲက​တော့​ ရဲပဲ​ပေါ့​။” သူတို့​ဆက်ဆံ​ရေး​ပုံစံက ​ပြောင်း​သွား​လား​။ “​ပြောင်း​သွား​တယ် အများ​ကြီး​ကို​ပြောင်း​လဲသွား​တယ်” ဦး​မြတ်လှအိမ်​ရှေ့​မှာ အန်တီစုမိန့်​ခွန်း​ပြော​တော့​ လူပရိသတ်အင်အား​ ဘယ်​လောက်ရှိလဲခင်ဗျ။ “ကျ​နော်တို့​အိမ်​ရှေ့​မှာ လမ်း​တို​လေး​ရှိတယ်ဗျ။ အဲ့​မှာ​တော့​ လူ​တွေအပြည့်​ပဲ။ ​နောက်ဟိုဘက် ဒီဘက် လှမ်း​တွေ့​နေရတဲ့​ လမ်း​ကြိုလမ်း​ကြား​လေး​တွေက​နေ ရပ်​စောင့်​ပြီး​ နား​ထောင်​နေကြတဲ့​ လူ​တွေပါဆိုရင် စုစု​ပေါင်း​ ၅ ​သောင်း​ကျော်​လောက်ရှိမယ်ဗျ။ လာကြိုတဲ့​လူ​တွေ မပါ​သေး​ဘူး​နော်။ ည​နေ​လောက်ကျ​တော့​ ​ရေ​ဘေး​ဒုက္ခသည်​တွေကို အကူအညီ​ပေး​ဖို့​ အ​နောက်​ရွှေနံ့​သာ​ကျောင်း​ကိုသွား​တယ်ဗျာ။ အဲ့​မှာလည်း​ ပြည်သူ​တွေက ​ဒေါ်​အောင်ဆန်း​စုကြည် သက်​တော်ရာ​ကျော်ရှည်ပါ​စေဆိုပြီး​ ​အော်ဟစ်ဆု​တောင်း​ကြတယ်။ အဲ့​မှာလည်း​ ပရိသတ်က တိုး​လို့​မ​ပေါက်ဘူး​။

A d v e r t i s e m e n t With Us

More News
Up