လေယာဉ်ပေါ်တွင် မြန်မာအမျိုးသမီးတဦး ကလေးမွေးဖွား

3.5K
စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကနေ ရန်ကုန်လေဆိပ်သို့ ပျံသန်းလာတဲ့ လေယာဉ်ဟာ ရန်ကုန်လေဆိပ်အရောက်မှာ မြန်မာအမျိုးသမီးတဦး ကလေးမွေးဖွားခဲ့ပါတယ်။
Silk Air လေကြောင်းလိုင်းမှ လေယာဉ်ခရီးစဉ်အမှတ် MI-518 ဟာ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ညနေ ၃ နာရီခွဲ အချိန်က ဆိုက်ရောက်လာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီး ၁ ဦးဟာ လေယာဉ် ဆိုက်ရောက်ပြီးနောက် ကလေးမီးဖွားဖို့ ဗိုက်နာလာတာကြောင့် လေယာဉ်ပေါ်ရှိ လေယာဉ်မယ်တွေနဲ့ ရန်ကုန်လေဆိပ် တာဝန်ကျ အမျိုးသမီးဆရာဝန်တို့မှ မီးဖွားဖို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက် ၄ နာရီ ၅၀ မိနစ် အချိန်မှာ သားယောကျာ်းလေးတဦး လေယာဉ်ပေါ်မှာပဲ မွေးဖွားခဲ့ပါတယ်။
ဓာတ်ပုံ - Aviation Police-YGN