ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ်များကို ရုံးတင်စစ်ဆေး



1.8K
ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်တယ်ဆိုသံသယနဲ့ ဖမ်းဆီးထားတဲ့ ရခိုင်လူငယ် ၁၃ ဦး ကို ရုံးတင်ပြီး သက်သေ ၃ ဦးကို ဒီကနေ့စစ်တွေ မြို့နယ်တရားရုံးက စစ်ဆေးခဲ့ပါတယ်။
အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဒေါ်အေးနုစိန်က “ဒီကနေ့ ၁၁ နာရီမှာ သက်သေ ၃ ဦးစစ်ပါတယ်။ ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးထားတဲ့ ရခိုင်လူငယ် ၁၃ ဦး ရုံးတင်တယ်ပေါ့လေ။ နောက်တပတ်မှာ ပြန်ချိန်းထားပါတယ်”လို့ ပြောပါတယ်။
ဒီကနေ့ သက်သေ ၃ သုံးဦး စစ်ဆေးတယ်လို့ သိရပြီး၊ နောက်တပတ် ဧပြီ ၄ ရက်နေ့မှာ ပြန်လည်ရုံးချိန်ထားတယ်လို့ သိရပါတယ်။
အဲ့ဒီ ဖမ်းဆီးခံထားရတဲ့ ၁၃ ဦးဟာလွန်ခဲ့တဲ့ နှစ်လလောက်က ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး နယ်မြေအသီးသီးက ဖမ်းဆီးခံထားရသူတွေ ဖြစ်ကြပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တရားရုံးကနေ ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ် ပတ်သက်မှုရှိတယ်လို့ ဆိုပြီး မတ်လ ၁၆ ရက်နေ့ကလည်း ရခိုင်လူငယ် ၂ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်။ (သတင်းဓာတ်ပုံ - ဇော်ခ)